ဒေါ်နယ်ထရမ့်ကိုလုပ်ကြံရန် နောက်တစ်ကြိမ် ကြိုးပမ်းမှုဖြစ်ပွား
အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် ဝက်စပမ်းကမ်းခြေ၌ သမ္မတဟောင်းနှင့် လက်ရှိသမ္မတ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရမ့်ကို စက်တင် ဘာလ ၁၅ ရက်တွင် လုပ်ကြံရန်နောက် တစ်ကြိမ်ကြိုးပမ်းမှု ဖြစ်ပွားကြောင်း သိရသည်။
ထရမ့်၏လုံခြုံရေး တပ်ဖွဲ့များသည် အမျိုးသားတစ်ဦးက ချေမှုန်းရေးရိုင်ဖယ် တစ်လက်ကိုင်ထားသည်ကို မြင်တွေ့ပြီးနောက် ထိုအမျိုးသားကို ပစ်ခတ်လိုက်နိုင် သည့်အတွက် ယခုလုပ်ကြံရန်ကြိုးပမ်းမှုတွင်လည်း ထရမ့်မှာ အသက်ဘေးမှလွတ် မြောက်သွားသည်။
လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးသည် ဂေါက်ရိုက်နေသည့် ထရမ့်နှင့်ကိုက် ၃၀၀ မှ ၅၀၀ အကွာရှိ လက်နက်ကိုင် အမျိုးသားကိုမြင်တွေ့ပြီးနောက် ပစ်ခတ်လိုက်နိုင်ခြင်းဖြစ် ကြောင်း ထရမ့်၏ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့နှင့် လုံခြုံရေးအဖွဲ့တို့က ပြောထားသည်။
ထို့နောက် သေနတ်သမားသည် ထွက်ပြေးသွားသော်လည်း ရဲတပ်ဖွဲ့က ၎င်း၏ ယာဉ်ကိုခြေရာခံလိုက်ကာ လက်ရဖမ်းဆီးလိုက်နိုင်ကြောင်း တာဝန်ရှိသူများကပြော သည်။
ယခုထရမ့်ကိုလုပ်ကြံရန်ကြိုးပမ်းသူသည် အသက် ၅၈ နှစ်ရှိ ရိုင်ယန်ဝက်စလီ ရု(သ်)ဖြစ်ပြီး ၎င်းသည် ယူကရိန်းအစိုးရကို ထောက်ခံကာ ယင်းနိုင်ငံ၌ လများစွာကြာ နေထိုင်ခဲ့ဖူးသူဖြစ်သည်။
ထရမ့်သည် ဇူလိုင်လ ၁၃ ရက်တွင် စည်းရုံးရေးပွဲတစ်ခု၌ မိန့်ခွန်းပြောနေစဉ် ပထမအကြိမ် လုပ်ကြံရန်ကြိုးပမ်းမှုနှင့်ရင်ဆိုင်ခဲ့ရပြီး ထိုစဉ်က ၎င်း၏နားရွက်သာ ဒဏ်ရာရရှိသွားသော်လည်း သေနတ်သမား၏ ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးကြောင်း သိရသည်။