ရှန်ဟိုင်း၌ ဘီဘင်ကာ ဝင်ရောက်ပြီးနောက် ရှင်းလင်းရေးများ လုပ်ဆောင်

 

ရှန်ဟိုင်း၌ ဘီဘင်ကာ ဝင်ရောက်ပြီးနောက် ရှင်းလင်းရေးများ လုပ်ဆောင်

 

      တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ၁၉၄၉ ခုနှစ် နောက်ပိုင်း အားအပြင်းဆုံးမုန်တိုင်းဖြစ် သည့် ဘီဘင်ကာ ဝင်ရောက်တိုက်ခတ်ပြီးနောက် အရေးပေါ် အလုပ်သမားများက လမ်းမများပေါ်တွင် လဲကျနေသည့်သစ်ပင်များနှင့် အမှိုက်သရိုက်များကို ရှင်းလင်း ရေးလုပ်ငန်းများ လုပ်ဆောင်သည်။

ဘီဘင်ကာသည် စက်တင်ဘာလ ၁၆ ရက် နံနက် ၇ နာရီခွဲတွင် လေတိုက်နှုန်း တစ်နာရီလျှင် ကီလိုမီတာ ၁၅၀ နှုန်းဖြင့် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်လာခြင်းဖြစ်ပြီး ထိုမုန်တိုင်း တိုက်ခတ်မှုကြောင့် လူတစ်ဦးသာ ဒဏ်ရာရရှိသည်ဟု မြို့တော်သတင်း ထုတ်ပြန်ရေးအဖွဲ့က ဖော်ပြထားသည်။

တာဝန်ရှိသူများသည် မုန်တိုင်းမဝင်မီကပင် ပြည်သူများအနေဖြင့် အလွန်အရေး ကြီးကိစ္စမရှိဘဲ အိမ်အပြင်မထွက်ရန် ညွှန်ကြားထားမှုအပေါ် ဒေသခံများကလည်း လိုက်နာသောကြောင့် ယခုကဲ့သို့ ထိခိုက် သေဆုံးရသူ မရှိခြင်းဖြစ်သည်။

သို့သော် မုန်တိုင်းဝင်ရောက်မှုကြောင့် မြို့အတွင်းရှိ သစ်ပင်ပေါင်း ၁၈၀၀ ကျော် မှာအမြစ်မှ ကျွတ်ထွက်ကာ အိမ်ခြေအလုံး ၃၀၀၀၀ ခန့်သာ လျှပ်စစ်မီးပြတ်တောက် ကြောင်းသိရသည်။

Dates: 
Tuesday, September 17, 2024 - 11:02