သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာအစည်းအဝေးကျင်းပပြုလုပ်

သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာအစည်းအဝေးကျင်းပပြုလုပ်

ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ရာတွင် သေဆုံးခဲ့ရသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများ၊ အိုးအိမ်ဆုံးရှုံးခဲ့ရသူများကို ထောက်ပံ့မှုများဆောင်ရွက်ပေးသွားရန်လို

နေပြည်တော်၊ စက်တင်ဘာ - ၁၇

သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဆွေးနွေး ၍ လိုအပ်သည်များ မှာကြားသည်။

အစည်းအဝေးသို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) ကောင်စီဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊  အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ ဒုတိယဥက္ကဋ္ဌ(၂) လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊  အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင် ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြ ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။

ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့မှု

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့် အမှာစကားပြောကြားရာတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့်ပတ်သက် ၍ လိုအပ်သည်များညှိနှိုင်းဆွေးနွေးနိုင်ရန် အစည်းအဝေးခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ ပြီး ခဲ့သည့် ရက်ပိုင်းအတွင်းတိုက်ခိုက်ခဲ့သည့် တိုင်ဖွန်းမုန်တိုင်း ရာဂိ၏အရှိန်နှင့် ဘင်္ဂလား ပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်ခဲ့သော မုန်တိုင်းငယ်၏အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရှမ်းပြည်နယ်၊ နေပြည်တော် ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ရာဂိမုန်တိုင်း ဟိုင်နန်ကျွန်းသို့ဖြတ်ကျော်ချိန်တွင် ပြင်းထန်မှုရှိ သည်ကို သတင်းများအရသိရှိခဲ့ ကြောင်း၊ အတွေ့အကြုံများအရ ဗီယက်နမ်နိုင်ငံတွင် မုန်တိုင်းဝင်ပြီး  ၂ ရက်ခန့်အကြာတွင် မိမိတို့နိုင်ငံ၊ ရှမ်းပြည်နယ်အတွင်း၌ ပုံမှန်မိုး ရွာသွန်းမှုများ ဖြစ်ပေါ်လေ့ရှိသော်လည်း ယခုအတိုင်းအတာအထိ ဖြစ်မည်ဟု မမျှော်မှန်းခဲ့ကြကြောင်း၊ စက်တင်ဘာ ၇ ရက်နေ့တွင် ရာဂိမုန်တိုင်းသည် ဗီယက်နမ်နိုင်ငံကိုစတင်ဖြတ်ကျော်ခဲ့ပြီး ယင်းအချိန် တွင် ဘင်္ဂလား ပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း တစ်ခုလည်းဖြစ်ပေါ်ခဲ့ကြောင်း၊ ယင်းတို့၏ အရှိန်များကြောင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တို့ရှိ မြို့နယ်အချို့တို့၌ မိုးသည်းထန်စွာ ရွာသွန်းမှု ဖြစ်ပေါ်ခဲ့ကြောင်း၊ သတိပေးထုတ်ပြန်မှုများဆောင်ရွက်ခဲ့သော်လည်း ယခု အတိုင်းအတာအထိ အချိန်တို အတွင်း မိုးသည်းထန်စွာရွာသွန်းမည်ဟု မှန်းဆမှုမရှိခဲ့ကြကြောင်း၊ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် တောင်ကုန်းတောင် တန်းများပေါ်မှ တောင်ကျ ချောင်းရေများ အရှိန်အဟုန်ဖြင့် စီးဆင်းခဲ့ပြီး ရေစီးဆင်းရာ လမ်းကြောင်းများ တစ်လျှောက် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ သဘာဝ ဘေးအန္တရာယ်ဖြစ်ပွားခဲ့သည့် ဒေသများ၌ လွန်ခဲ့သောနှစ်ပေါင်း ၅၀ အတွင်း ယခုကဲ့သို့ ဆိုးရွားသည့်အခြေအနေ မဖြစ်ပေါ်ခဲ့ဘူးကြောင်း၊ ညအချိန်မိုးရွာသွန်းမှု များပြားပြီး ရုတ်တရက်တောင်ကျရေများ အလုံးအရင်းဖြင့် စီးဆင်းလာခဲ့သဖြင့် ယခုကဲ့သို့ ထိခိုက် မှုများပြားခဲ့ရခြင်း ဖြစ်ကြောင်း။

ဖြစ်စဉ်အပေါ် သုံးသပ်၊ သင်ခန်းစာရယူ၊ ပြင်ဆင်မှုများပြုလုပ်

သဘာဝဘေးအန္တရာယ်သည် ရှောင်လွဲ၍မရသော်လည်း တတ်နိုင်သမျှ ထိခိုက်မှု လျော့နည်းအောင်နှင့် အမြန်ပြန်လည်ထူထောင်ရေး ဆောင်ရွက်နိုင်ကြောင်း၊ ယခု ဖြစ်စဉ်သည် မြန်မာနိုင်ငံအလယ်ပိုင်း၌ ကာလတစ်လျှောက် ထိခိုက်မှုအကြီးမားဆုံး ဖြစ်နိုင်ကြောင်း၊ သင်ခန်းစာရယူရမည်များနှင့် ပြင်ဆင်ရမည်များ များစွာရှိကြောင်း၊ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ခန့်မှန်းချက်၊ သတိပေးချက်များကို ထုတ်လွှင့်ရာတွင် ပညာရပ်ဆိုင်ရာအသုံးအနှုံးများထက် သာမန်ပြည်သူလူထုသတိပြု နားလည်နိုင်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ ထုတ်ပြန်မှုများဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် လွယ်ကူရှင်းလင်းစွာဖြင့် နားလည်သိရှိလိုက်နာနိုင်အောင် ထုတ်ပြန်ဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ထုတ်ပြန်မှသာလျင် ပြည်သူများ အနေဖြင့် ရှင်းလင်းစွာသိရှိပြီး အလေးထားလိုက်နာနိုင်မည်ဖြစ်ကြောင်း၊ ယခုနှစ်မိုး ရာသီကာလ အတွင်း မိမိတို့နိုင်ငံတွင် မိုးဦး၊ မိုးလယ်၊ မိုးနှောင်း အားလုံးတို့၌ မိုးများ များပြားစွာ ရွာသွန်းခဲ့သည်ကို တွေ့ရှိရပြီး ထိုသို့ရွာသွန်းမှုများကြောင့် မြေသားများမှာ စိုထိုင်းဆ များပြားလျက်ရှိပြီး မြေများကျစ်လျစ်မှုအားနည်းသည့်အချိန်ဖြစ်ကြောင်း၊ ယခုရက်ပိုင်း အတွင်းဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး လျှပ်တ ပြက် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ချိန်တွင် ယခင်ပျော့နေသည့်မြေသားများမှာ ပြိုကျမှု များဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ယမန်နေ့က ရဟတ်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု ခဲ့စဉ် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့မှု၏ ရေစီးဆင်းရာအစဖြစ်သည့် ရှမ်းကုန်းပြင်မြင့် နှင့် ဆက်စပ်တောင်ကုန်းတောင်တန်းများပေါ်မှ ရေများစီးဆင်းတိုက်စားခဲ့မှုကြောင့် တောင်ပြို၊ မြေပြိုမှုများဖြစ်ပေါ်နေမှု၊ တောင်ကျချောင်းရေများ အရှိန်အဟုန်ဖြင့် စီးဆင်းခဲ့မှုကြောင့် ရေတိုက်စားရာလမ်းကြောင်းကြီးများဖြစ်ပေါ်နေမှုနှင့် ရေပြန်လည် ကျဆင်း သွားပြီးနောက် သဲနုန်းများ၊ အပျက်အစီးများ ဖြစ်ပေါ်ကျန်ရှိနေမှု၊ စိုက်ဧက အများအပြားပျက်စီးခဲ့မှုနှင့် ရေစီးဆင်းရာလမ်းကြောင်းနှင့် နီးစပ်သည့် အချို့ သော ကျေးရွာများ ရေဖုံးလွှမ်းခဲ့မှုဖြစ်ပေါ်ခဲ့ပြီး ထိခိုက်ပျက်စီးခဲ့ရမှုအခြေအနေများကို စိတ်မကောင်းဖြစ်ဖွယ်တွေ့မြင်ခဲ့ရကြောင်း။

ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့မှုနှင့် ဆက်စပ်၍ သစ်ထုတ်လုပ်မှုများနှင့်ပတ်သက် ၍လည်း တရားဝင်ခွင့်ပြုပေးထားသည့် သစ်ကွင်းများမှ သယ်ယူနိုင်ခြင်းမရှိသေးသည့် သစ်လုံးကြီးများ၊ သစ်လုံးကြီးများထုတ်ယူရာတွင် ဖြတ်တောက်ထားသည့် ဖြတ်စများ သည်လည်း တောင်ကျရေစီးကြောင်းများနှင့်အတူ  မျောပါတိုက်စားခဲ့ပြီး ထိခိုက်ပျက် စီးမှုပိုမိုများပြားခဲ့ရခြင်းဖြစ်သည်ကို တွေ့မြင်ရကြောင်း၊ ရာသီဥတုနှင့်ပတ်သက်၍ မျှော်မှန်းထားသည်ထက် ပိုမိုအချိန်တိုလျှင်မြန်စွာဖြစ်ပွားခဲ့ခြင်းကြောင့်လည်း ထိခိုက် ပျက်စီးမှုများ ပိုမိုများပြားခဲ့ခြင်းဖြစ်ကြောင်း၊ အလားတူဆည်မြောင်းနှင့် လမ်း၊ တံတား ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်လည်း လမ်းတံတားလုပ်ငန်းများဆောင်ရွက်ရာတွင် ကြံ့ခိုင်မှုအပိုင်းနှင့် ပတ်သက်၍ စနစ်တကျတွက်ချက်ဆောင်ရွက်ရန်လိုကြောင်း၊  ယခု ကဲ့သို့ မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ချိန်တွင် တံတားများ ထိခိုက်ပျက်စီးခဲ့မှုအပေါ် သင်ခန်းစာယူ၍ တံတားများတည်ဆောက်ရာတွင်  အရှိန် အဟုန်ဖြင့် ရေစီးဆင်းမှုဒဏ်ကို ခံနိုင်ရေးအတွက် စနစ်တကျ ထည့်သွင်းတွက်ချက် သွားရန်လိုကြောင်း၊ ယခင်ကကုန်ကျစရိတ်သက်သာစေရန် တံတားအရှည်နှင့် ခန်းဖွဲ့ အားလျှော့၍ ချဉ်းကပ်လမ်းအား တိုးမြှင့်ထားမှုများကို ပြန်လည်စစ်ဆေး သုံးသပ်ရန် လိုကြောင်း၊ ထို့ပြင်တံတားနေရာများသို့ရေဝင်ရောက်ရာလမ်းကြောင်းနှင့် ရေထွက်ရာ လမ်းကြောင်းနေရာများ၌ ရေစီးဆင်းမှုကောင်းမွန်စေရေး ချောင်းဖြောင့်ခြင်းလုပ်ငန်း အပါအဝင်အခြားလိုအပ်သည်များထည့်သွင်းတွက်ချက်ဆောင်ရွက်သွားရန်လိုကြောင်း၊ ဆည်/မြောင်းများနှင့်ပတ်သက်၍လည်း ဆည်များအတွင်း သဲနုန်းများ ရေစီးကြောင်း အတိုင်း တဖြည်းဖြည်းစီးဆင်းဝင်ရောက်လာပြီး ဆည်များကောခြင်း၊ အောက်ခြေ မျက်နှာပြင်တက်လာခြင်းများကို အမြဲမပြတ်ဖယ်ထုတ် ဆောင်ရွက်နေရန်လိုကြောင်း၊ မြစ်ချောင်းများအတွင်း သဲနုန်းများအနည်ကျမှု များပြားလာခြင်းသည် မြစ်ချောင်း ကြမ်းခင်း(Bed Level) မြင့်တက်လာပြီး ရေကြီးရေလျှံမှုများကို ပိုမိုဖြစ်ပေါ်စေကြောင်း၊ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်နှင့် သံလွင်မြစ်တို့တွင် ရွှေတူးဖော်ခြင်း၊ ကျောက်တူး ဖော်ခြင်းတို့ကြောင့် မြစ်အောက်ပိုင်းများတွင်နုန်းပို့ချမှုများလာကြောင်း၊ ထို့ကြောင့် မြစ်ချောင်းများ တစ်လျှောက်ကိုလည်း အရေးကြီးသည့် အစိတ်အပိုင်းအလိုက် သောင်တူးခြင်းများ ဆောင်ရွက်ရန်လိုကြောင်း၊ မြို့ရွာများ၊ လမ်းကြောင်းများ၌ ရေထွက်စနစ်များ ကောင်းမွန်မှုမရှိခြင်း၊ ရေနုတ်မြောင်းစနစ်များ ကောင်းမွန်မှု မရှိခြင်းကြောင့်လည်း ရေကြီး ရေလျှံမှုများကို ပိုမိုဖြစ်ပေါ်စေနိုင်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာန များအနေဖြင့် ရေထုတ်စနစ်များ ကောင်းမွန်စေရေး ပြန်လည် ပြင်ဆင်ဆောင်ရွက် သွားရန်လိုကြောင်း၊ လမ်း၊ တံတား၊ ဆည်၊ မြောင်း များ၏ ရေ ထွက် စနစ်များကို နှစ်စဉ်စစ်ဆေးပြုပြင်ထိန်းသိမ်းမှု (Maintainess) မပျက်မကွက် ပြုလုပ်ရန်လို ကြောင်း။

ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရန်

ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍လည်း သေဆုံးခဲ့ရသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများ၊ အိုးအိမ်ဆုံးရှုံးခဲ့ရသူများကို ထောက်ပံ့မှုများဆောင်ရွက်ပေး သွားရန်လိုကြောင်း၊ ရေကြီးရေလျှံမှုများဖြစ်ပေါ်ချိန်၌ လူနေအိမ်များ များစွာဆုံးရှုံးခဲ့ သည်ကိုတွေ့ရပြီး ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် ပြည်သူများကို ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးသွားရမည်ဖြစကြောင်း၊ ရေဘေးဒုက္ခသည်စခန်းများရှိ ပြည်သူများ စားသောက်ရေးအတွက်လည်း အဆင်ပြေအောင်ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း။

လက်ရှိအချိန်တွင် ပြည်သူများ သွားလာမှုအဆင်ပြေစေနှင့် ကုန်စည်စီးဆင်းမှု များ ပြတ်တောက်မှုမရှိစေရေးအတွက်  ထိခိုက်ပျက်စီးခဲ့ရသည့် လမ်း၊ တံတားများ ပြန်လည်ဖွင့်လှစ်နိုင်ရေး အမြန်ဆုံးဆောင်ရွက်သွားရန်လိုကြောင်း၊ ပျက်စီးသွားသည့် တံတားများတွင် ယာယီ ဘေလီတံတားများကို ဦးစားပေးဆောက်လုပ်သွားရန်လို ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ရေဘေးရှောင်စုရပ်များသို့ ယာယီခေါ်ဆောင် ထားသည့် ပြည်သူများကိုလည်း ၎င်းတို့၏ နေရပ်သို့ပြန်လည်သွားရောက်နိုင်ရေး အတွက် ဆောင်ရွက်ပေးရန်လိုကြောင်း၊ ရေဝင်နစ်မြုပ်ခဲ့သည့် ရပ်ကွက်ကျေးရွာများ အတွင်း သန့်ရှင်းရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးရန်လိုပြီး မြို့နယ်၊ ရပ်ကွက် ကျေးရွာများအလိုက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးသွားရန် လိုကြောင်း၊ ၎င်းတို့၏ နေရပ်ဒေသအသီးသီး၌ အမြန်ဆုံး ပြန်လည်နေထိုင်နိုင်ရေး ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် ငွေကြေး၊ စက်ယန္တရားများနှင့် အထောက်အကူပြုပစ္စည်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း။

လက်ရှိ နောက်ဆုံးကောက်ယူရရှိထားသည့် စာရင်းများအရ ယခုဖြစ်ပေါ်ခဲ့သည့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုအနေဖြင့် နေပြည်တော်ကောင်စီ နယ်မြေ၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး တို့တွင် ၂၂၆ ဦးသေဆုံးခဲ့ပြီး ပျောက်ဆုံးသူ ၇၇ ဦး၊ ရေစီးဖြင့်မျောပါသူ ၁၂ ဦး၊  ဒဏ်ရာ ရရှိသူ ၄၇ ဦးရှိကြောင်း၊ လူနေအိမ်များပျက်စီးမှုအနေဖြင့် ၁၉၁၅ လုံး လုံးဝပျက်စီးခဲ့ ပြီး ၂၀၁ လုံးမှာ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ကြောင်း၊ ရေဝင်နစ်မြုပ်မှုမှာ ၁၅၈၃၄၃ လုံး ဖြစ်ကြောင်း၊ ယာယီဒုက္ခသည်စခန်းများတွင် ၁၆၃၅၇၃ ဦးရောက်ရှိလျက်ရှိပြီး ဆွေမျိုး များအိမ်တွင်သွားရောက်နေထိုင်သူ ၂၃၄၅၃၅ ဦးရှိကြောင်း၊ သက်ဆိုင်ရာ ကျေးရွာများ အလိုက် ပြန်လည်နေထိုင်နိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ အဆိုပါရေဘေးသင့် ပြည်သူများအတွက် မိမိတို့အနေဖြင့် ထိုက်သင့်သည့် ထောက်ပံ့မှုများကိုလည်း ဆောင် ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ အသင့်စားခေါက်ဆွဲများအပါအဝင်အခြားစားသောက် ဖွယ်ရာများကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း။

ယခုမုန်တိုင်းကြောင့်ဖြစ်ပေါ်ခဲ့သည့် သဘာဝဘေးအန္တရာယ်သည် မိမိတို့ နိုင်ငံ အတွက်ကြီးမားသည့်သင်ခန်းစာတစ်ခုဖြစ်ကြောင်း၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ တပ်မတော်(ကြည်း၊ ရေ၊လေ)နှင့် တိုင်း စစ်ဌာနချုပ်များ အားလုံးတက်ညီလက်ညီဖြင့် ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်းဖြင့် မှာကြားသည်။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ က ဆွေးနွေးတင်ပြ

ထို့နောက်  အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က တိုင်ဖွန်း မုန်တိုင်း ရာဂီ၏ အရှိန်ကြောင့် မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် ၉ ခုတို့၌ မိုးသည်ထန်စွာ ရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့ပြီး သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်ခဲ့မှု၊ မိုးကြီးခြင်း၊ ရေကြီးရေလျှံခြင်း၊ လမ်းတံတားများ၊ တာတမံများထိခိုက်ပျက်စီးခြင်း၊ ကမ်းပြို ခြင်းများ ဖြစ်ပေါ်ခဲ့မှု၊ မိုးလေဝသအခြေအနေများနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန် ကိစ္စရပ်များကို နိုင်ငံတော်ပိုင် အသံလွှင့်ဌာနများနှင့် သတင်းစာများမှ အချိန် နှင့်တပြေးညီ အများပြည်သူသိရှိနိုင်ရေး ဆောင်ရွက်ပေးခဲ့မှု၊ သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သည့်ဒေသများရှိ ဘေးသင့်ပြည်သူများအား အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့များဖြင့် ကူညီကယ်ဆယ်ခဲ့မှု၊ ကယ်ဆယ်ရေးပစ္စည်းများ အချိန်မီရောက်ရှိရေးနှင့် ကယ်ရေးစခန်းများ ဖွင့်လှစ်စောင့်ရှောက်နေမှု၊ ဘေးသင့်ပြည်သူများ စားသောက်ရေး အတွက် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ငပိ စသည့်စားသောက်ကုန်များ မျှဝေ ထောက်ပံ့ခဲ့မှု၊ သန့်ရှင်းသော သောက်သုံးရေရရှိရေးနှင့် ရေကြီးမှုကြောင့် ဖြစ်ပွားတတ် သည့် နောက်ဆက်တွဲရောဂါများ မဖြစ်ပွားစေရေး ဆောင်ရွက်နေမှု၊ ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့များ၊ နယ်လှည့်ဆေးကုအဖွဲ့များဖြင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ထိခိုက်ပျက်စီးခဲ့သည့် လမ်း၊ တံတားများ အမြန်ဆုံး ပြန်လည်အသုံး ပြုနိုင်ရေး စီမံဆောင်ရွက်နေမှု၊ ရေကျသွားသည့် ဒေသများတွင် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အဖွဲ့များဖြင့် မြေပြင်ကွင်းဆင်း ဆောင်ရွက် နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ဒုတိယဥက္ကဋ္ဌများ၊ ကော်မတီဝင်များနှင့် တာဝန်ရှိသူများကရှင်းလင်းတင်ပြ

ယင်းနောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) ကောင်စီဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ကော်မတီ ဒုတိယဥက္ကဋ္ဌ(၂) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူများက တိုင်းဒေသကြီး နှင့်ပြည်နယ်များတွင် ရေကြီးရေလျှံမှုများအတွက် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဖွဲ့စည်းထား၍ ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ဆောင်ရွက်ထားရှိမှု၊ ပြန်လည် ထူထောင်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု၊ မြို့နယ်အသီး သီးရှိ အများနှင့်သက်ဆိုင်သည့် နေရာများတွင်ရှင်းလင်း ရေးလုပ်ငန်းများ ဆောင်ရွက် နေမှု၊ ရေကြီးနစ်မြှုပ်မှုကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ပျက်စီး ထိခိုက်သေဆုံးခဲ့မှုနှင့် ရာဂီမုန်တိုင်းအရှိန်ကြောင့် ကဏ္ဍအလိုက် ပျက်စီးဆုံးရှုံးခဲ့မှု၊ ထိခိုက်ပျက်စီးခဲ့သည့် နေရာများသို့ ကယ်ဆယ်ရေးနှင့် အထောက်အကူပြုပစ္စည်းများ၊ ပြန်လည်တည်ဆောက်ရေးပစ္စည်းများ ဖြန့်ခွဲဆောင်ရွက်ထားမှု၊  သဘာဝဘေးဒဏ် ကြောင့် ကျေးလက်လမ်းနှင့် တံတားများပြန်လည်ပြင်ဆင်ဆောင်ရွက်နေမှု၊ လျှပ်စစ် ဓာတ်အားနှင့် သောက်သုံးရေလုံလောက်စွာရရှိရေး ဆောင်ရွက်နေမှု၊  သဘာဝဘေး ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများအား ပြန်လည်ကုစားဆောင်ရွက်ပေးရန် လျာထားမှု၊ ရေကြီးနစ်မြုပ်မှုကြောင့် ကျန်းမာရေး ကဏ္ဍပျက်စီးဆုံးရှုံးမှုနှင့် ရေဘေးသင့်ဒေသများနှင့် ကယ်ဆယ်ရေးစခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ ရေဘေးသင့်တိုင်းဒေသ ကြီးနှင့် ပြည်နယ်များတွင် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ ရေကြီးရေလျှံမှုများကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့မှု၊ မိုးလေဝသသတင်းများအား ပြည်သူများအချိန်နှင့် တစ်ပြေးညီသိရှိစေနိုင် ရေး ထုတ်ပြန်ဆောင်ရွက်ပေးလျက်ရှိမှုများနှင့်ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြ ကြသည်။

ဆက်လက်၍ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များက တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် ရေဘေးသင့်ပြည်သူ များအား အရေးပေါ်ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ပေးခဲ့မှု၊ ရေပြန်လည် ကျဆင်းသွားသည့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက် သွားမည့် လုပ်ငန်းစဉ်များနှင့် အကူအညီအထောက်အပံ့များပေးအပ်သွားမည့် အစီအမံ များ၊ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် သီးနှံများပြန်လည်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွား မည့် အခြေအနေများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြကြသည်။

ပြည်ထောင်စုဝန်ကြီးများက ကဏ္ဍအလိုက် ဆွေးနွေးတင်ပြ

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော် အရာရှိကြီးများက ရေကြီးရေလျှံမှုများကြောင့် မီးရထားလမ်းများနှင့် တံတားများပျက်စီးခဲ့မှုအခြေအနေများနှင့် ပြန်လည်ပြင်ဆင်နိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိမှု၊ လေကြောင်းခရီးစဉ်များပျံသန်း ပြေးဆွဲလျက်ရှိမှု၊ AHA Center နှင့်အိန္ဒိယ နိုင်ငံမှပေးပို့သည့်  ထောက်ပံ့ရေးပစ္စည်းများ သယ်ယူရောက်ရှိမှုနှင့် လွှဲပြောင်းပေးအပ် မှု၊ မိုဘိုင်းဆက်သွယ်ရေးတာဝါတိုင်များ ကောင်းမွန်ရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ ရာသီဥတုနှင့်သက်ဆိုင်သည့် သတိပေးချက်များအား သဘာဝဘေးအန္တရာယ်ကျ ရောက်နိုင်သည့် ဒေသရှိပြည်သူများ အချိန်နှင့်တစ်ပြေးညီသိရှိနိုင်ရေး Short Message များဖြင့်ပေးပို့၍ ဆောင်ရွက်မည်ဆိုပါက ထိခိုက်မှုများကိုလျှော့ချနိုင်မှု၊ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကိစ္စရပ်နှင့်စပ်လျဉ်းသည့် ရန်ပုံငွေဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတကာမှ အကူအညီများပေးအပ်မှုနှင့် ထောက်ပံ့ရေး ပစ္စည်းများအား လေယာဉ် များ၊ သင်္ဘောများဖြင့် ပေးပို့လျက်ရှိမှုနှင့် ကမ်းလှမ်းလာမှု၊ ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် ဆည်မြောင်းတာတမံများနှင့် ရေကန်များကို ပြန်လည်ပြင်ဆင်နေမှု၊ စိုက်ခင်းများ ပျက်စီးခဲ့သည့် တောင်သူများနှင့်တွေ့ဆုံ၍ ပြန်လည်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက် ရှိမှု၊ ဓာတ်အားလိုင်းနှင့် ဓာတ်ခွဲရုံများ ထိခိုက်ပျက်စီးမှုနှင့် ပြန်လည်ပြင်ဆင် ဆောင် ရွက်လျက်ရှိမှု၊ ရေဘေးသင့်ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ လှူဒါန်းမှုများ‌ဆောင်ရွက်ခဲ့မှု၊ ရေဘေးသင့်ဒေသများရှိ ယာယီပိတ်ထားရသည့် အခြေခံ ပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်လျက်ရှိမှုနှင့် ရေဘေးသင့် ကျောင်းသား၊ ကျောင်းသူများအတွက် စာအုပ်စာစောင်များနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးရန် ဆောင်ရွက်လျက်ရှိမှု၊ တပ်မတော်မှ သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သည့် ဒေသများမှ ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှုနှင့်ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြကြသည်။

ဖြည့်စွက်မှာကြား

ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌက ကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် လမ်းပန်းဆက်သွယ်မှုကို အနှောင့်အယှက် ဖြစ်စေမည့်အရာများကို အမြန်ဆုံး ရှင်းလင်းရန်လိုအပ်ကြောင်း၊ အလှူငွေများ လက်ခံရာတွင်လည်း ကော်မတီအနေဖြင့် စနစ်တကျ စီမံခန့်ခွဲရန် လိုအပ်ကြောင်း၊ အစားအသောက်များ လှူဒါန်းမှုကိုလက်ခံ ရာတွင်လည်း သန့်ရှင်းလတ်ဆက်သည့် အစားအသောက်များ ဖြစ်ရန်လိုကြောင်း၊ လမ်းပန်း ဆက်သွယ်ရေး မပြတ်တောက်စေရေးအတွက် ပျက်စီးခဲ့သည့် လမ်း၊ တံတား များကို အမြန်ဆုံး ပြန်လည်ပြုပြင်တည်ဆောက်ရန် လိုအပ်ကြောင်း၊ မိုးလေဝသ သတင်းများကိုလည်း ပြည်သူများရှင်းလင်းစွာဖြင့် အချိန်တိုအတွင်နားလည်မှုလွယ်ကူ စေရေး ထုတ်ပြန်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သစ်များထုတ်လုပ်လျက်ရှိသည့် သစ်ဆိပ်များတွင်သစ်များ ခုတ်ယူထားရှိပြီး သယ်ယူရန်ကျန်ရှိနေသည့် သစ်လုံးများမှာ ရေစီးဖြင့် မျောပါလာခဲ့သည့်အတွက် ထိခိုက်မှုများဖြစ်ပေါ်စေခဲ့ကြောင်း၊   ထို့ကြောင့် သစ်ထုတ် လုပ်မှုများ ဆောင်ရွက်ရာတွင် မိုးမကျမီအချိန်အတွင်း ခုတ်ယူထားသည့် သစ်များကို သစ်ကွင်းများ၌ ကျန်ရှိမှုမရှိစေရေး သတ်မှတ်သစ်ဆိပ်နေရာများသို့ သယ် ဆောင် ထားရန်လိုကြောင်း၊ တရားမဝင်သစ်ထုတ်လုပ်မှုများမရှိစရေး ပူးပေါင်းအဖွဲ့ များဖြင့် တားမြစ်ရန်လိုအပ်ကြောင်း၊ ရေများကျဆင်းချိန်တွင် ကျောက်ထုတ်စခန်းများ မှ ကျောက်များမှာ ရေစီးဖြင့် မျောပါလာခဲ့သည့်အတွက် အန္တရာယ်ရှိကြောင်း၊ သဘာဝ ဘေး အန္တရာယ်ကို ကြိုတင်တွက်ဆ၍ လုပ်ငန်းများကို ဆောင်ရွက်သွားရန်လိုကြောင်း၊ ပျက်စီးသွားသည့် သီးနှံများပြန်လည်စိုက်ပျိုးရာတွင်လည်း စနစ်တကျဖြင့် ပြန်လည် စိုက်ပျိုးသွားရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် စိုက်ပျိုးရေး ထောက်ပံ့ငွေများနှင့် စိုက်ပျိုးရေးချေးငွေများ ပေးအပ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက် သွားရန်လိုကြောင်း၊ ကုန်စည်စီးဆင်းမှုများ ကောင်းမွန်ချောမွေ့စေရေး အတွက်လည်း မီးရထားလမ်းများ ပြန်လည်ကောင်းမွန်စေရေး ပြင်ဆင်ဆောင်ရွက်သွားရန်လိုကြောင်း ဖြင့် မှာကြားသည်။

မူလအခြေအနေသို့ အမြန်ဆုံး ပြန်လည်ရောက်ရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်လို

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် မိမိတို့အနေဖြင့် လာမည့် အောက်တိုဘာ ၁ ရက် နေ့တွင် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်း များကို ဆောင်ရွက်တော့မည် ဖြစ်ကြောင်း၊ ထို့ကြောင့် ကူညီကယ်ဆယ်ရေးစခန်း များရှိ ပြည်သူများအား ၎င်းတို့၏နေရပ်များတွင် အတတ်နိုင်ဆုံးအမြန်ဆုံး ပြန်လည် နေထိုင်နိုင်ရေး ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ကူညီကယ်ဆယ်ရေးနှင့် ပတ်သက် ၍ ပျက်စီးမှုအနည်း၊ အများအလိုက်  ဦးစားပေးအဆင့်သတ်မှတ်ပြီး အမြန်ဆုံးပြီးစီး စေရန်နှင့် အချိန်အကြာဆုံး ၆ လတာ ကာလအတွင်းပြီးစီးစေရေး ဆောင်ရွက်သွား ရန်လိုကြောင်း၊ ပိတ်ထားရသည့် ကျောင်းများကိုလည်း အမြန်ဆုံးဖွင့်လှစ်ပေးနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်သကဲ့သို့ ပြန်လည်ဖွင့််လှစ်ချိန်တွင် သင်ခန်းစာများ လစ်ဟင်းမှု မရှိစေရေး အချိန်ပိုများ သင်ကြားပေးရန်လိုကြောင်း၊ ကျောင်းပိတ်ရက် အလွန်များပြားသွားမည်ဆိုပါက နွေရာသီတွင် ပြန်လည်သင်ကြား ပေးနိုင်ရေး စီမံ သွားရန်လိုကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ ရနိုင်သမျှ Saving လုပ်သွားရန်လို ကြောင်း၊ ယနေ့ တင်ပြချက်များအား Check List ပြုလုပ်၍ လုပ်ငန်းဆောင်ရွက် ပြီးစီးမှုများ၊ ဆောင်ရွက်ရန်ကျန် လုပ်ငန်းများကို အမြဲမပြတ်စိစစ်၍ လုပ်ငန်းတိုးတက် မှုများကို တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်သွား ရန်နှင့်တင်ပြသွားရန်လို ကြောင်း၊ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်ရေး အဓိကထား ဆောင်ရွက် သွားကြရန်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိ သည်။

Dates: 
Wednesday, September 18, 2024 - 00:46