Type 094 ရေငုပ်သင်္ဘောများက တရုတ်၏ နည်းပညာသာလွန်မှုကို ပြသနေ

 

Type 094 ရေငုပ်သင်္ဘောများက တရုတ်၏ နည်းပညာသာလွန်မှုကို ပြသနေ

 

      ထိုင်ဝမ်ရေလက်ကြား၌မြင်တွေ့ရသည့် Type 094 ရေငုပ်သင်္ဘောများက တရုတ် တပ်မတော်အနေဖြင့် ရေငုပ်သင်္ဘောနည်း ပညာတွင် သာလွန်မှုကို ဖော်ပြနေသည်။

ထို့ပြင် ထိုင်ဝမ်ရေလက်ကြားတွင် မြင်တွေ့ရမှုကို အခြေခံ၍ ကောက်ချက်ချပါက တရုတ်တပ်မတော်သည် ပဲ့ထိန်းဒုံးကျည်တင် နျူကလီးယားစွမ်းအင်သုံး ထိုရေငုပ် သင်္ဘောအနည်းဆုံး နှစ်စင်းပိုင်ဆိုင်ထားပြီး စစ်သည်များမှာလည်း အသင့်အနေအထား ရှိသောကြောင့် အရေးပေါ်အချိန်တွင် ရန်သူကိုအမြန်ဆုံး ဟန့်တားနိုင်စေမည့်ပုံစံမြင်တွေ့ရသည်။

တရုတ်တပ်မတော်အနေဖြင့် ရေငုပ် သင်္ဘောအစင်း ၆၀ အထိ ပိုင်ဆိုင်ထားပြီ ဖြစ်ကြောင်း    ဩဂုတ်လထုတ်ပြန်ချက် တစ်ခုတွင် ဖော်ပြထားသည်ကိုတွေ့ရသည်။

ထိုရေငုပ်သင်္ဘောများထဲတွင်   ပဲ့ထိန်းဒုံးကျည်တင် နျူကလီးယားစွမ်းအင်အသုံး ပြုတိုက်ခိုက်ရေးနှင့် ဒီဇယ်-လျှပ်စစ်စွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘောများ ပါဝင်သည်။

ထိုင်ဝမ်ရေလက်ကြားတွင်မြင်တွေ့ရသည့် Type 094 ရေငုပ်သင်္ဘောများသည် ရေငုပ်သင်္ဘောမှ ပစ်ခတ်နိုင်သည့် နျူကလီးယားထိပ်ဖူးတပ် အမြင့်ပျံဒုံးကျည် ၁၂ စင်းအထိ သယ်ဆောင် ပစ်ခတ်နိုင်စွမ်းရှိသည်။

Dates: 
Wednesday, September 18, 2024 - 06:26