Rheinmetall ၏ မိုင်းရှင်းယာဉ် မိုင်းကွင်းတစ်ခုလုံးကို မိနစ်ပိုင်းအတွင်း ရှင်းနိုင်

 

Rheinmetall ၏ မိုင်းရှင်းယာဉ် မိုင်းကွင်းတစ်ခုလုံးကို မိနစ်ပိုင်းအတွင်း ရှင်းနိုင်

 

    ဂျာမနီနိုင်ငံမှ နာမည်ကျော်ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး  ကုမ္ပဏီတစ်ခု ဖြစ်သည့် Rheinmetall က Keiler အမည် ရှိ    သံချပ်ကာ မိုင်းရှင်းယာဉ်တစ်မျိုးကို ပြသလိုက်သည်။

တန်ချိန် ၆၃ တန်နှင့် တစ်နာရီလျှင်မိုင် ၄၀ နှုန်းဖြင့်သွားနိုင်သည့် အဆိုပါမိုင်းရှင်း ယာဉ်သည်  အလွန်အန္တရာယ်များသော မိုင်းကွင်းတစ်ခုကို မိနစ်ပိုင်းအတွင်းမှာပင် မိုင်းရှင်းနိုင်စွမ်းရှိသည်။

၎င်းတွင်လှည့်ပတ်နေသော မိုင်းရှင်းကိရိယာများ တပ်ဆင်ထားသောကြောင့် မည်သည့် မိုင်းအမျိုးအစားကိုမဆို ဘေးကင်းစွာ ဖောက်ခွဲနိုင်စွမ်းရှိသည့်အတွက် ချီတက်ရာ လမ်းကြောင်းရှိ မိမိတို့၏တပ်ဖွဲ့ များကို ဘေးကင်း စေမည်ဖြစ်သည်။

ထို့ပြင် Keiler ၌ မိုင်းရှင်းကြိုးတန်းဖြင့် မိုင်းရှင်းသည့်စနစ် ပါဝင်သောကြောင့် အနံ ၉ မီတာ၊ အလျား မီတာ ၁၆၀ ရှိသည့် မိုင်းကွင်းတစ်ခုလုံးကို ရှင်းလင်းနိုင်စွမ်းရှိသည်။

Dates: 
Wednesday, September 18, 2024 - 06:29