ဗာဂျီးနီးယားရှိကျောင်း တစ်ခုက ဆိုလာပြားများသုံး၍ လျှပ်စစ်စွမ်းအင် ကီလိုဝပ်နာရီ ၅၄ သန်းထုတ်ယူ

 

ဗာဂျီးနီးယားရှိကျောင်း တစ်ခုက ဆိုလာပြားများသုံး၍ လျှပ်စစ်စွမ်းအင် ကီလိုဝပ်နာရီ ၅၄ သန်းထုတ်ယူ        

     

    အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်ရှိ မြောက်စတတ်ဖို့ အထက်တန်းကျောင်း က ကျောင်းဆောင်ခေါင်မိုးများနှင့် ပရိဝုဏ်အတွင်း ဆိုလာပြားများ တပ်ဆင်ကာ လျှပ်စစ်စွမ်းအင် ကီလိုဝပ်နာရီ ၅၄ သန်း ကို ထုတ်ယူအသုံးပြုလျက်ရှိသည်။

ထိုကျောင်းတွင် ဆိုလာပြားစုစုပေါင်း ၃၃၀၀ ကျော် အသုံးပြုထားသောကြောင့် စွမ်းအင်ထိန်းသိမ်းရေးနှင့် ကျောင်းသားများ၏ သင်ကြားသင်ယူမှု အတွေ့အကြုံ အပေါ် ကြီးစွာသော သက်ရောက်မှုရှိစေမည်ဖြစ်သည်။

ယခုကဲ့သို့ နေရောင်ခြည်စွမ်းအင်ကို အသုံးပြုထားခြင်းကြောင့် ကျောင်းတွင်း စနစ်ကိုသာမက ပတ်ဝန်းကျင်အတွက်ကိုပါ ကောင်းကျိုးများ ရရှိစေပြီး လာမည့် ၂၅ နှစ်အတွင်း    ထိုကျောင်းအနေဖြင့် မီတာခဒေါ်လာ ၂ ဒသမ ၈ သန်းကို ချွေတာနိုင်မည်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဆိုလာပြားများကို အသုံးပြုကာ လျှပ်စစ်ဓာတ်အားထုတ် ယူခြင်းကြောင့် လျှပ်စစ်စွမ်းအင် ကီလိုဝပ် နာရီ ၅၄ သန်းထွက်ရှိတိုင်း ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့  တန်ချိန်ပေါင်း ၄၁၅၈၃ တန်ထွက်ရှိမှုကိုလည်း လျှော့ချ ပြီးသား ဖြစ်သွားမည်ဖြစ်သည်။

Dates: 
Wednesday, September 18, 2024 - 07:11