ဘဏ္ဍာရေး စည်းမျည်း ချိုးဖောက်မှုနှင့် ရင်ဆိုင်နေရသည့် မန်စီးတီးအသင်း ပြစ်မှုထင်ရှားပါက ရမှတ်လျှော့ပြစ်ဒဏ် ချမှတ်ခံရဖွယ်ရှိ

 

 

 

ဘဏ္ဍာရေး စည်းမျည်း ချိုးဖောက်မှုနှင့် ရင်ဆိုင်နေရသည့် မန်စီးတီးအသင်း ပြစ်မှုထင်ရှားပါက ရမှတ်လျှော့ပြစ်ဒဏ် ချမှတ်ခံရဖွယ်ရှိ

 

မန်ချက်စတာ စက်တင်ဘာ ၁၇

    ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှုနှင့် အမှုရင်ဆိုင်နေရသည့် မန်စီးတီးအသင်း အနေဖြင့် ပြစ်မှုထင်ရှားပါက  ကြီးမားသည့် ပြစ်ဒဏ်ဖြစ်သော ရမှတ်  ၁၀၀ လျှော့ပြစ်ဒဏ်    ချမှတ်ခံရဖွယ် ရှိနေကြောင်း  သိရသည်။

မန်စီးတီးအသင်းကို ၂၀၀၈ခုနှစ်က ‌City Football Groupက   ဝယ်ယူပြီးနောက် အသင်းကို   ငွေကြေး များစွာ ရင်းနှီးမြှုပ်နှံကာ ထိပ်တန်းအသင်းတစ်သင်း ဖြစ်အောင် တည်ဆောက်နိုင်ခဲ့ပြီး နောက်ပိုင်း ဘောလုံးရာသီများတွင်    ဥရောပ၌     ထိပ်တန်း အသင်းတစ်သင်းဖြစ်လာကာ နည်းပြဂွါဒီယိုလာ၏ ဦးဆောင်မှုနှင့်အတူ  ဆုဖလားများစွာ  ဆွတ်ခူးနိုင်ခဲ့သည်။

မန်စီးတီးအသင်းသည် အစောပိုင်းနှစ်များကတည်းက ၎င်းတို့အနေဖြင့် တရားမဝင်ငွေကြေးများ အသုံးပြုခဲ့ပြီး အသင်းကို ထိပ်တန်းအသင်း တစ်သင်း ဖြစ်အောင် တည်ဆောက်ခဲ့သည်ဟု  စွပ်စွဲချက်များ ထွက်ပေါ်ခဲ့ပြီး   ယခုအခါတွင်   ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်သည့်အချက် ၁၁၅ ချက်ဖြင့် စွဲချက်တင်ခံ ရပြီးနောက် စစ်ဆေးမှုခံယူနေရသည်။

မန်စီးတီးအသင်း ဘဏ္ဍာရေး စည်းမျဉ်းနှင့်ပတ်သက်ပြီး စွဲချက်တင် စစ်ဆေးခံနေရသည့်  အချက်  ၁၁၅ ချက်တွင် နည်းပြနှင့် ကစားသမားများကို လုပ်ခလစာ ပေးချေရာတွင် အသေးစိတ်အချက်အလက်များကို မှန်မှန်ကန်ကန် တင်သွင်းရန် ပျက်ကွက်ခဲ့ခြင်း၊ နိုင်ငံ နှင့် တိုက်ကြီးများ၏ သာတူညီမျှ ဘဏ္ဍာရေးစည်းမျဉ်းများကို ချိုးဖောက်ခြင်း၊  စုံစမ်းစစ်ဆေးမှုများလုပ် ဆောင်ရာတွင် ပူးပေါင်းဆောင်ရွက်မှုမရှိခြင်း အစရှိ သည့်အချက်များ ပါဝင်နေသည်။

မန်စီးတီးအသင်းသည် လက်ရှိရင်ဆိုင်နေရသည့် ဘဏ္ဍာရေး စည်းမျဉ်းချိုးဖောက်မှု အချက် ၁၁၅ ချက် ကို ပြီးခဲ့သည့် ၁၀ နှစ်ကျော်က စတင်ကျူးလွန်ခဲ့သည်ဟု စွဲချက်တင် ခံထားရပြီး လက်ရှိတွင် စစ်ဆေးမှုများ စတင်လုပ်ဆောင်နေကာ အပြီးသတ်အမိန့်ကို  ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် ချမှတ်မည်ဖြစ်သည်။

ဘောလုံးလောကဘဏ္ဍာရေး ကျွမ်းကျင်ပညာရှင် တစ်ဦးဖြစ်သည့် ကီရန်မက်ဂွိုင်ယာက မန်စီးတီး အသင်းအနေဖြင့် ချန်ပီယံရှစ်ပြိုင်ပွဲသို့ တန်းဆင်းရ နိုင်သည့် ရမှတ် ၁၀၀ လျှော့ပြစ်ဒဏ်ချမှတ် ခံရဖွယ်ရှိနေသည်ဟု သုံးသပ်ထားကြောင်း သိရသည်။

Dates: 
Wednesday, September 18, 2024 - 07:40