ဘာစီလိုနာအသင်း ကွင်းလယ် ကစားသမားအိုလ်မို ဒဏ်ရာကြောင့် ရက်သတ္တလေးပတ်မှ ငါးပတ်ခန့် အနားယူရမည်

 

ဘာစီလိုနာအသင်း ကွင်းလယ် ကစားသမားအိုလ်မို ဒဏ်ရာကြောင့် ရက်သတ္တလေးပတ်မှ ငါးပတ်ခန့် အနားယူရမည်

 

ဘာစီလိုနာ စက်တင်ဘာ  ၁၇

    ဘာစီလိုနာအသင်းအဓိက ကွင်းလယ်ကစားသမား အိုလ်မိုသည် တံကောက်ကြော ဒဏ်ရာကြောင့် အနည်းဆုံး ရက်သတ္တလေးပတ်မှ ငါးပတ်ခန့် အနားယူရမည် ဖြစ်ကြောင်း ဘာစီလိုနာအသင်းက   အတည်ပြုကြေညာခဲ့ကြောင်း သိရသည်။

‌အသက်   ၂၆   နှစ်အရွယ်   အိုလ်မိုသည် ပြီးခဲ့သည့် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလက လိုက်ပဇစ်အသင်းမှ ဘာစီလိုနာအသင်းသို့  ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အသင်းနှင့်အတူ  ပထမဆုံး ဘောလုံးရာသီတွင် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့သူဖြစ်သည်။

‌အိုလ်မိုသည် ဘာစီလိုနာအသင်းက ဂီရိုနာအသင်း ကို ၄ ဂိုး- ၁ ဂိုးဖြင့် အနိုင်ရရှိသည့်ပွဲစဉ်တွင် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီး  အသင်းအတွက်  တစ်ဂိုးသွင်းယူ ပေးနိုင်ခဲ့သော်လည်း ပွဲချိန် ၆၁ မိနစ်တွင် တံကောက် ကြောဒဏ်ရာ ရရှိခဲ့သည့်အတွက် လူစားလဲထွက်ခွာခဲ့ရပြီး  ယခုအခါ  ဆေးစစ်မှုများ လုပ်ဆောင်ပြီးနောက် အနည်းဆုံး ရက်သတ္တလေးပတ်မှ  ငါးပတ်ခန့်  အနားယူရမည်ဟု  ဘာစီလိုနာအသင်းက  အတည်ပြုကြေညာ ခဲ့ခြင်းဖြစ်သည်။

အိုလ်မိုသည် ယခုဘောလုံးရာသီတွင် ဘာစီလိုနာ အသင်း၌  အကောင်းဆုံး ခြေစွမ်းပြလျက်ရှိပြီး  စပိန် လာလီဂါ သုံးပွဲကစားရာတွင် သုံးဂိုးအထိ သွင်းယူထားပြီး ယခုအခါ တံကောက်ကြောဒဏ်ရာကြောင့်    အောက်တိုဘာ လလယ်ပိုင်းမှသာ  အသင်းအတွက်  ပြန်လည် ကစားပေးနိုင်ဖွယ်ရှိကြောင်း သိရသည်။                     

Dates: 
Wednesday, September 18, 2024 - 07:44