၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ သုံးယောက်တွဲ အဖွဲ့လိုက် အကြိုဗိုလ်လုပွဲ၊ ဗိုလ်လုပွဲနှင့် တတိယလုပွဲကျင်းပ

၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ သုံးယောက်တွဲ အဖွဲ့လိုက် အကြိုဗိုလ်လုပွဲ၊ ဗိုလ်လုပွဲနှင့် တတိယလုပွဲကျင်းပ

နေပြည်တော် မေ ၂၈

ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ အားကစားသမားများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန်၊ မြန်မာ့ပိုက်ကျော်ခြင်း အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး) သုံးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ၊  ဗိုလ်လုပွဲနှင့်  တတိယလုပွဲ ပွဲစဉ်များကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(ဗ)၌ ဆက်လက် ကျင်းပခဲ့သည်။

ယနေ့ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း(အမျိုးသား) သုံးယောက်တွဲအဖွဲ့လိုက် အကြို ဗိုလ်လုပွဲ ပြိုင်ပွဲ ပွဲစဉ်များအဖြစ် မန္တလေးတိုင်းဒေသကြီးအသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို နှစ်ပွဲတစ် ပွဲဖြင့်လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ်အသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ အမျိုးသမီးသုံးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပြိုင်ပွဲ ပွဲစဉ်များအဖြစ် မွန်ပြည်နယ်အသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ် အသင်းက ကချင်ပြည်နယ်အသင်းကို နှစ်ပွဲတစ်ပွဲဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင် အနိုင်ရရှိခဲ့ သည်။

ဆက်လက်ပြီးအမျိုးသားသုံး ယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် မန္တလေးတိုင်း ဒေသကြီး အသင်းက မကွေးတိုင်းဒေသကြီးအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ အမျိုးသမီးသုံးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ ဗိုလ်လုပွဲပွဲစဉ်အဖြစ် မွန်ပြည်နယ်အသင်းက ရခိုင်ပြည်နယ်အသင်းကို နှစ်ပွဲ တစ်ပွဲဖြင့် လည်းကောင်း၊ အမျိုးသားသုံး ယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ်အဖြစ် ရှမ်းပြည်နယ် အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို နှစ်ပွဲ တစ်ပွဲဖြင့်လည်းကောင်း၊ အမျိုးသမီး သုံးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ်အဖြစ် ကချင်ပြည်နယ်အသင်းက ပဲခူးတိုင်းဒေသ ကြီးအသင်းကို နှစ်ပွဲ တစ်ပွဲဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင် အနိုင်ရရှိခဲ့သည်။

 ၂၀၂၄ ခုနှစ်၊ မေလ ၂၉ ရက်နေ့ (ယနေ့)နံနက် ၉ နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(ဗ)၌ ပြည်နယ်နှင့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်း (အမျိုးသား/အမျိုးသမီး) လေးယောက်တွဲအဖွဲ့လိုက်အုပ်စုပတ်လည် ပြိုင်ပွဲပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်၍ အားကစားဝါသနာရှင်များအနေဖြင့် မည်သူမဆို  “အခမဲ့” လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

ကျော်လွင်(မြဝတီ)

Dates: 
Wednesday, May 29, 2024 - 21:42