မန်ယူနည်းပြဆိုးလ်ရှားနှင့် ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်တို့က ဒီဇင်ဘာ ၁၂ ရက်ည မန်စီးတီးနှင့် မန်ချက် စတာဒါဘီပွဲမတိုင်မီ နောက်ဆုံးကစားသည့် ပရီးမီးယားလိဂ် လေးပွဲဆက်တိုက် အနိုင်ရခဲ့သဖြင့် ယခုရာသီတွင် ရှစ်နှစ် ကြာဝေးကွာနေသော ပရီးမီးယားလိဂ် ချန်ပီယံဆုဖလားကို ရယူနိုင်သည်ဟု ဖွင့်ဟပြောသည်။
ချန်ပီယံလိဂ်တွင် လိုက်ပဇစ်ကိုရှုံးကာ အုပ်စုအဆင့်မှထွက် ခဲ့ရပြီးနောက် မန်စီးတီးနှင့် ပွဲမတိုင်မီ မန်ယူအသင်း ၂၀၁၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ယခုနှစ်တွင်ရနိုင်မည်လားဟု ပွဲကြိုသတင်းစာ ရှင်းလင်းပွဲ၌ နည်းပြဆိုးလ်ရှားနှင့် ကွင်းလယ်ကစားသမား ဖာနန်ဒက်စ်တို့ကို မီဒီယာများက မေးမြန်းခဲ့ခြင်းဖြစ်သည်။
ဆိုးလ်ရှားက ကျွန်တော်က ဒီရာသီထဲမှာ ဒါမှမဟုတ် နှစ်သစ်ကူးကာလမှာ ကိုယ့်အသင်းရဲ့ ခြေစွမ်းပိုင်းတိုးတက် လာတာကိုသိလို့ ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်တယ်လို့ ပြောရတာပါ။ ပွဲတစ်ပွဲချင်းစီတိုင်းကို အနိုင်ဦးတည်ပြီးကစား မှာပါ။ အဆုံးမှာ နိုင်ပွဲတွေဆက်ရတယ်ဆိုရင် ဖလားရမှာပဲ ဟု ပြောသည်။
Ref:BBC