ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သော ဒေသများတွင် သေဆုံးခဲ့သော ဒေသခံပြည်သူများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများ ပေးအပ်မည်ဖြစ်

ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သော ဒေသများတွင် သေဆုံးခဲ့သော ဒေသခံပြည်သူများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများ ပေးအပ်မည်ဖြစ်

နေပြည်တော်၊ ၂၀၂၄  စက်တင်ဘာ - ၁၈

နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် အချို့ တွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့မှုကြောင့် ချောင်းရေ နှင့်မြစ်ရေများ အဆက်မပြတ် မြင့်တက်လာမှုနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၅၆ မြို့ နယ်မှ ရပ်ကွက်၊ ကျေးရွာများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး လမ်း၊ တံတား အချို့ ရေတိုက်စားပျက်စီးခြင်း၊ လူနေအိမ်၊ ရုံး/ဌာန အဆောက်အဦ၊ စာသင်ကျောင်း၊ အခြားအဆောက်အဦများအား ရေဝင်နစ်မြှုပ်ခြင်း၊ ထိခိုက်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ သည်။

ထိုကဲ့သို့ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သော မြို့နယ် ၅၆ မြို့နယ်မှ  ရပ်ကွက်၊ ကျေးရွာ တို့တွင် ယနေ့နံနက် ၉ နာရီအထိ ကောက်ယူရရှိသော စာရင်းများအရ ပြည်သူ ၂၆၈ ဦး သေဆုံးခဲ့ပြီး ၈၈ ဦး ပျောက်ဆုံးလျက်ရှိကြောင်း သိရှိရသည်။ ထိုသို့ သဘာဝဘေးဒဏ်ကြောင့် သေဆုံးခဲ့သည့် ပြည်သူများကို တစ်ဦးလျှင် နိုင်ငံတော် အစိုးရအနေဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရံပုံငွေမှ ၅ သိန်း ကျပ်နှင့်  လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ၃ သိန်းကျပ်၊ စုစုပေါင်း ၈ သိန်းကျပ်ကို ကျန်ရစ်သူမိသားစုထံသို့ ထောက်ပံ့ပေးအပ် သွားမည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ များကလည်း သီးခြားထပ်ဆောင်းထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ထုတ်ပြန်ထားသည်။ 

ထို့ပြင် ထိခိုက်ဒဏ်ရာ ခံစားခဲ့ရမှုအခြေအနေနှင့် အိုးအိမ်များ ပျက်စီးဆုံးရှုံးရမှု အခြေအနေများအပေါ် မူတည်ကာ လိုအပ်သည့် ထောက်ပံ့ကူညီမှုများကို ဆက်လက် ဆောင်ရွက်ပေးသွားရန် စီစဉ်ထားရှိကြောင်း သတင်းရရှိသည်။

Dates: 
Wednesday, September 18, 2024 - 17:07