ဆေးပညာဘွဲ့ရဆရာဝန်(အမျိုးသမီး)နှင့် သွားဘက်ဆိုင်ရာဆေးပညာဘွဲ့ရ ဆရာဝန်(အမျိုးသမီး)ဗိုလ်လောင်းများ ခေါ်ယူခြင်း

 

ဆေးပညာဘွဲ့ရဆရာဝန်(အမျိုးသမီး)နှင့် သွားဘက်ဆိုင်ရာဆေးပညာဘွဲ့ရ ဆရာဝန်(အမျိုးသမီး)ဗိုလ်လောင်းများ ခေါ်ယူခြင်း

 

၁။      လျှောက်ထားသူသည်-

          ( က )  ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် အသက် ၃၀ နှစ်ထက် မကြီးရ။

          (  ခ )  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ(အပျို)ဖြစ်ရမည်။

          ( ဂ )  အနည်းဆုံးအရပ် ၅ ပေ၊ ၃ လက်မနှင့် ကိုယ်အလေးချိန် ပေါင် ၁၀၀ ထက်မနည်းရ၊ ပေါင် ၁၃၀ ထက် မကျော်ရ။

          ( ဃ )  (M.B.B.S) သို့မဟုတ် (B.D.S) ဘွဲ့ရရှိပြီးသူဖြစ်ရမည်။ ဘွဲ့လက်မှတ်(မူရင်း)အား တင်ပြနိုင်ရမည်။

၂။       သက်ဆိုင်ရာ တက္ကသိုလ်မှ (Grading Certificate) အမှတ်စာရင်းပါရှိရမည်။

၃။      မိဘအုပ်ထိန်းသူ၏ ခွင့်ပြုချက်ပါရှိရမည်။

၄။      လျှောက်လွှာများကို ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးနှင့် မိမိတို့နှင့်နီးစပ်ရာ တိုင်းစစ်ဌာနချုပ်များတွင် အခမဲ့ရယူနိုင်သည်။

၅။      လျှောက်လွှာနှင့်အတူ အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ် ရဲတပ်ဖွဲ့စခန်း တစ်ခုခုမှ ထောက်ခံစာ(မူရင်း)နှင့် ပတ်စ်ပို့အရွယ်ဓာတ်ပုံ ၃ ပုံ ပူးတွဲတင်ပြရမည်။

၆။      တပ်မတော်မှ လေ့ကျင့်သင်ကြားမှု စနစ်အတိုင်း လိုက်နာဆောင်ရွက်နိုင်သူ ဖြစ်ရမည်။

၇။      လျှောက်လွှာနှင့်အတူပါရှိသော ဆေးစစ်ပုံစံဖြင့် မိမိတို့နေထိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်ရှိ တပ်မတော်ဆေးရုံ/ပြည်သူ့ဆေးရုံတွင် ပဏာမကျန်းမာရေး စစ်ဆေးအောင်မြင်သူဖြစ်ရမည်။

၈။      လျှောက်လွှာကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့မှစ၍ ထုတ်ပေးမည် ဖြစ်ပြီး အောက်တိုဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား၍ လျှောက်လွှာထုတ်ယူခဲ့သော ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး (သို့မဟုတ်) သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များသို့ ပြန်လည်ပေးပို့ကြရမည်။

၉။      သတ်မှတ်အရည်အချင်းပြည့်မီသော လျှောက်လွှာရှင်များအား တပ်မတော် ဗိုလ်ရွေးအဖွဲ့တွင် ဝင်ရောက် အစစ်ဆေးခံရန် အကြောင်းကြားစာများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တစ်ဆင့် အချိန်မီပေးပို့သွားမည်။

၁၀။    သတ်မှတ်ထားသည့် အချက်အလက်များ တိကျပြည့်စုံစွာ ရေးသားဖော်ပြခြင်း မပြုသော လျှောက်လွှာများ၊ မမှန်မကန်ဖြည့်စွက် ရေးသားဖော်ပြသော လျှောက်လွှာများနှင့် အချိန်မီမရောက်ရှိသော လျှောက်လွှာများအား ထည့်သွင်း စဉ်းစားမည်မဟုတ်ပါ။ မိမိတို့ လျှောက်လွှာတင်သွင်းသည့် ဌာနတွင် ရွေးချယ်ခြင်းခံရသည်/မခံရ  သည်ကို သွားရောက် စုံစမ်းမေးမြန်းနိုင်သည်။

စစ်ရာထူးခန့်ချုပ်ရုံး

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)

Dates: 
Thursday, September 19, 2024 - 03:15