ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းချက်ပါ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်း တာဝန်မှ လျှော့ပေါ့ခွင့်ရသူများ

 

ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းချက်ပါ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်း တာဝန်မှ လျှော့ပေါ့ခွင့်ရသူများ

 

လျှော့ပေါ့ခွင့်

၁။      ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့က  ပြည်သူ့စစ်မှုထမ်းဆောင်ရမည့် တာဝန်မှ လျှော့ပေါ့ခွင့်ပြုသူများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

      (က)   လျှောက်ထားသူ၏ မိဘနှစ်ပါးစလုံးသည်  နိုင်ငံ့ဝန်ထမ်းအဖြစ်  နှစ်ပေါင်း  ၂ဝ ထက်မနည်းတာဝန်ထမ်းဆောင်နေဆဲဖြစ်ပါက လည်းကောင်း၊    နိုင်ငံ့ဝန်ထမ်းအဖြစ်  တာဝန်ထမ်းဆောင်ခဲ့ပြီး  သက်ပြည့်အငြိမ်းစား ယူခဲ့သူဖြစ်ပါက လည်းကောင်း  အဆိုပါလျှောက်ထားသူအား ဥပဒေအရ  ၎င်းထမ်းဆောင်ရမည့်  ပြည်သူ့စစ်မှုထမ်းရန် ကာလ၏ တစ်ဝက်အထိ လျှော့ပေါ့ပေးနိုင်သည်။

   (ခ) လျှောက်ထားသူ၏ မိဘနှစ်ပါးအနက်  တစ်ဦးဦးသည် နိုင်ငံ့ဝန်ထမ်းအဖြစ်   နှစ်ပေါင်း ၂ဝ ထက်မနည်း တာဝန်ထမ်းဆောင်နေဆဲဖြစ်ပါက လည်းကောင်း၊နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး သက်ပြည့်အငြိမ်းစား ယူခဲ့သူဖြစ်ပါက လည်းကောင်း၊ အဆိုပါလျှောက်ထားသူအား ဥပဒေအရ   ၎င်းထမ်းဆောင်ရမည့်   ပြည်သူ့စစ်မှုထမ်းရန်ကာလ၏ သုံးပုံတစ်ပုံအထိ   လျှော့ပေါ့ ပေးနိုင်သည်။

     (ဂ) ပြည်သူ့စစ်မှုထမ်း တစ်ဦးဦးသည်   တာဝန်ထမ်းဆောင်နေသည့် ကာလအတွင်း ထိခိုက်ဒဏ်ရာရရှိခြင်းများ ရှိခဲ့ပါက ထိခိုက်ဒဏ်ရာရရှိသည့်နေ့ နောက်ပိုင်း   ဆက်လက်တာဝန် ထမ်းဆောင်ရန် ကျန်ရှိသည့်ကာလအား လျှော့ပေါ့ပေးနိုင်သည်။

Dates: 
Thursday, September 19, 2024 - 04:16