ဒီဇင်ဘာ ၁၁ ရက်ညက လိဒ်အသင်းနှင့်ကစားသည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ပေးလိုက်ရသောဂိုးကို ကွင်းလယ်ဒိုင်သည် ပထမပယ်နယ်တီကန်ချက်အား မိမိဂိုးသမား ဖေဘီယန်းစကီး ကာကွယ်နိုင်ခဲ့မှုကို မပြောပလောက်သည့် ဂိုးစည်းအပြင်ထွက်ဖမ်းမှုအတွက် VAR စနစ်ကြည့်ပြီး ပြန်ကန်ခိုင်းရာမှ ဂိုးပေးလိုက်ရခြင်းကို ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ဒေါသထွက်ကာ နည်းပြများအနေဖြင့် VAR စနစ်ကို ကန့်ကွက်ကြရန် တိုက်တွန်းခဲ့သည်။
ပွဲစပြီး နှစ်မိနစ်အတွင်းမှာပင် လိဒ်အသင်းတိုက်စစ်မှူး ဘမ်းဖို့ဒ်ကို ပြစ်ဒဏ်ကျူးလွန်သည်ဟု ဆိုကာ ဝက်စ်ဟမ်းအသင်း ပယ်နယ်တီပေးခဲ့ရပြီး ကလစ်ရှ်က ကန်သွင်းရာ နှစ်ကြိမ်ပေးကန်ပြီးမှ ဂိုးရသွားခြင်းဖြစ်သည်။
ပြီးခဲ့သည့်ပွဲများ၌လည်း VAR စနစ်ဆုံးဖြတ်ချက်များကြောင့် အငြင်းပွားစရာ များဖြစ်ပွားခဲ့ပြီး နစ်နာမှုများ ရှိခဲ့သည့်အတွက် မိုယက်စ်က ဒိုင်လူကြီးအနေနဲ့ ဂိုးနဲ့ပယ်နယ်တီအကြောင်း ပြောသင့်တယ်လို့ မြင်တယ်။ ကျွန်တော့်ဘက်က ဘာထပ်ပြောရမှန်းကို မသိတော့ဘူး။ ဒိုင်တွေအနေနဲ့ပဲ ဒါကိုပြောပြဖို့လိုတယ်။ တခြားနည်းပြ တွေလည်း ပြောကြမယ်ဆိုရင်တော့ ဒီစနစ်က ပြောင်းလဲမှုတွေ ရှိကောင်းရှိလာနိုင်မယ်ဟု ပြောသည်။
ဝက်စ်ဟမ်းအသင်းသည် ဂိုးစပေးလိုက်ရသော်လည်း သောမတ်စ်ဆူဆက်နှင့် အော့ဂ်ဘွန်နာတို့က တစ်ဂိုးစီသွင်း၍ နိုင်ပွဲရခဲ့သည်။
Ref:Dailymail