MNDAA နှင့် TNLA အကြမ်းဖက်သောင်းကျန်းအဖွဲ့များ၏ အဓမ္မဖမ်းဆီးခြင်းခံရပြီး အကြမ်းဖက်သင်တန်းတက်ရောက်လိုခြင်း မရှိဘဲ ထွက်ပြေးလွတ်မြောက်လာသည့် ဒေသခံတိုင်းရင်းသားလူငယ်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်

MNDAA  နှင့် TNLA အကြမ်းဖက်သောင်းကျန်းအဖွဲ့များ၏ အဓမ္မဖမ်းဆီးခြင်းခံရပြီး အကြမ်းဖက်သင်တန်းတက်ရောက်လိုခြင်း မရှိဘဲ ထွက်ပြေးလွတ်မြောက်လာသည့် ဒေသခံတိုင်းရင်းသားလူငယ်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်

နေပြည်တော်၊ ၂၀၂၄ မေ ၂၈

MNDAA နှင့် TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များသည် ဒေသခံ တိုင်းရင်းသားလူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ကာ အကြမ်းဖက် သင်တန်းများ တက်ရောက်စေပြီး အဓမ္မတာဝန် ထမ်းဆောင်စေခြင်းကြောင့် သောင်းကျန်းသူအဖွဲ့များတွင် တာဝန်ထမ်းဆောင်လိုခြင်း မရှိသော တိုင်းရင်းသား လူငယ်များ ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး နီးစပ်ရာ တပ်မတော်လုံခြုံရေးတပ်စခန်း များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများထံသို့ ပြန်လည်ဝင်ရောက်လျက်ရှိသည်။

ထိုသို့ MNDAA နှင့် TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ၏ ဖမ်းဆီးခြင်း ခံရပြီး အကြမ်းဖက်သင်တန်းတက်ရောက် လိုခြင်းမရှိသဖြင့် ထွက်ပြေးလွတ်မြောက် လာသည့် ဒေသခံတိုင်းရင်းသား လူငယ်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာန ချုပ်၊ တိုင်းခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် စိုးတင့်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ ထွက်ပြေးလွတ်မြောက်လာသည့် ဒေသခံတိုင်းရင်းသားလူငယ်များနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

 ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက ထွက်ပြေးလွတ်မြောက်လာသည့် ဒေသခံတိုင်းရင်းသားလူငယ်များအတွက် ထောက်ပံ့ ချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ရာ တိုင်းရင်းသား လူငယ်များက  လက်ခံရယူကြသည်။ ယင်းနောက် ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ပြန်လည် အပ်နှံပေးခဲ့ရာ မိဘအုပ်ထိန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဒေသခံတိုင်းရင်းသား လူငယ်များအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေး စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

Dates: 
Wednesday, May 29, 2024 - 05:00