နေပြည်တော် ဒီဇင်ဘာ ၁၂
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၁ ရက် မွန်းလွဲ ၁ နာရီခန့်တွင် မူဆယ်မြို့ ဟိုမွန် ရပ်ကွက် သိန်းသန်းချီကားဝင်း အတွင်းတွင် လူမဲ့တန်ဆာပစ္စည်းများကို စစ်ဆေးနေစဉ် ယောဟန်ဆိုသူမှ မူဆယ်မှ မန္တလေးမြို့သို့ ပို့ဆောင်ရန် အပ်နှံထားသည့် စက္ကူဂျပ်ဖာများဖြင့် ထည့်ထားသော ရေပူ၊ ရေအေးစက် ၁၁ လုံးအား မသင်္ကာဖွယ်တွေ့ရှိသဖြင့် ဖွင့်ဖောက်စစ်ဆေးရာ ရေပူ၊ ရေအေးစက်များအတွင်းမှ ဘိန်းဖြူ ၈ ဒသမ ၈ ကီလို သိမ်းဆည်းရမိခဲ့ပြီး ယောဟန်အား စစ်ဆေးချက်အရ သိမ်းဆည်းရမိသော ဘိန်းဖြူများ ကို ဘောက်လာ(ခ)မိုးတိမ်မှ မန္တလေးမြို့သို့ ပို့ဆောင်ခိုင်းခြင်းဖြစ်ကြောင်း သိရှိရသဖြင့် မွန်းလွဲ ၂ နာရီခွဲခန့်တွင် ဘိန်းဖြူများအား လက်ခံမည့် ကျော်ကျော်စိုးနှင့် ကျော်ဇင်ဝိုင်းတို့ ငှားရမ်းနေထိုင်သည့် မန္တလေးမြို့ မဟာ
အောင်မြေမြို့နယ် မဟာမြိုင်(၁)ရပ်ကွက် အပိုင်း(၆) အောင်ကမ္ဘာလမ်းသွယ် အိမ်အမှတ်(၁၇၃)ရှိ နေအိမ်ခန်းအား ရှာဖွေရာ ၎င်းင်းတို့အားမတွေ့ရှိဘဲ နေအိမ်အခန်းတွင်းရှိ စက္ကူဂျပ်ဖာများဖြင့်ထည့်ထားသော ရေပူ၊ ရေအေးစက် ၁၁ လုံးအတွင်းမှ ဘိန်းဖြူ ၈ ဒသမ ၆၈ ကီလို ထပ်မံသိမ်းဆည်းရမိသဖြင့် ယောဟန် ၂၈ နှစ်၊ ကျော်ကျော်စိုး (ဖမ်းမမိ) ၁၇ နှစ်၊ ကျော်ဇင်ဝိုင်း(ဖမ်းမမိ) ၁၇ နှစ်၊ ဘောက်လာ(ခ)မိုးတိမ်(ဖမ်းမမိ) ၂၇ နှစ်တို့အား ဥပဒေအရအရေးယူထား ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။