ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ဝက်ဖြူကုန်းကျေးရွာတွင် အစာ အဆိပ်သင့်ဖြစ်ပွားမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက် (၁၉-၉-၂ဝ၂၄)ရက်နေ့

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ဝက်ဖြူကုန်းကျေးရွာတွင် အစာ အဆိပ်သင့်ဖြစ်ပွားမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက် (၁၉-၉-၂ဝ၂၄)ရက်နေ့

၁။ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ဝါးတီးကျေးလက်ကျန်းမာရေးဌာန အပိုင်၊ ဝက်ဖြူကုန်းကျေးရွာ၊ ရွှေဖြူ ရတနာစာသင်တိုက်တွင် (၁၈-၉-၂၀၂၄)ရက်နေ့၊ နံနက်ပိုင်း၌ အလှူရှင်များမှ လာရောက်လှူဒါန်းသော ကြာဇံကြော်၊ အချဉ်နှင့် ထမင်း၊ ကြက်ဥ မကျည်းမှည့်ချက် များအား ကျေးရွာနေပြည်သူများက စားသုံးပြီးနောက် ည(၈:၀၀)နာရီခန့်တွင် ဗိုက်နာခြင်း၊ အော့ အန်ခြင်းနှင့် ဝမ်းလျှောခြင်းစသည့် အစာအဆိပ်သင့်ရောဂါလက္ခဏာများဖြစ်ပွား၍ ပြည်သူ့ဆေးရုံ ကြီး၊ တောင်ငူမြို့သို့ ပြင်ပလူနာအဖြစ် (၆၈)ဦး၊ အတွင်းလူနာအဖြစ် (၆၅)ဦး လာရောက်ကုသမှု ခံယူ ခဲ့ပြီး ပြည်သူ့ဆေးရုံကြီး၊ တောင်ငူမြို့မှ အထူးကုဆရာဝန်ကြီးများမှ အနီးကပ်ကြည့်ရှုကုသမှုပေးခဲ့ ရာ လူနာများ အခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိပါသည်။

၂။  သတင်းရရှိလျင်ရရှိခြင်း (၁၈-၉-၂ဝ၂၄)ရက်နေ့၊ ညနေပိုင်းတွင် ရောဂါဖြစ်ပွားရာ ဝက်ဖြူ ကုန်းကျေးရွာ၊ ရွှေဖြူရတနာစာသင်တိုက်သို့ ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အုတ်တွင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေး ဝန်ထမ်းများပါဝင်သော ကွင်းဆင်းအဖွဲ့နှင့် ညောင်းလေးပင်မြို့နယ်မှ ဆရာဝန်ဦးဆောင်သော ဆေးအဖွဲ့တို့ကကွင်းဆင်း၍ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိပါသည်။

၃။ ဆေးရုံတက်လူနာများအနက် အတွင်းလူနာ (၄၁)ဦးသည် ရောဂါသက်သာကောင်းမွန်သဖြင့် (၁၉-၉-၂၀၂၄)ရက်နေ့၊ နံနက်ပိုင်းတွင် ဆေးရုံမှ ဆင်းခွင့်ပြုပြီးဖြစ်ပါသည်။

၄။ သဘာဝဘေးဒဏ်ခံစားရသော ပြည်သူများအား အစားအသောက်များ လှူဒါန်းရာတွင် အလှူ ရှင်များအနေဖြင့် ပူပူနွေးနွေး ပြင်ဆင်ထားသည့် သန့်ရှင်းသော အစားသောက်များအား မြို့နယ် အလိုက် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှိ ကြီးကြပ်ရေးအဖွဲ့၊ စီမံခန့်ခွဲမှုအဖွဲ့များမှတစ်ဆင့် ပေးပို့လှူဒါန်း ကြရန်နှင့် ယာယီကယ်ဆယ်ရေးစခန်းများတွင် တာဝန်ယူဆောင်ရွက်နေကြသော စီမံခန့်ခွဲမှုအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများမှ စခန်းများတွင် လှူဒါန်းကြသော အစားအသောက်များအား ကျန်းမာရေး နှင့် ညီညွတ်စေရန်နှင့် သန့်ရှင်းမှုရှိစေရန် ကြီးကြပ်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ပေးကြပါရန် ကျန်းမာရေးဌာနမှ တိုက်တွန်းနှိုးဆော်ထားပါသည်။

Dates: 
Thursday, September 19, 2024 - 18:25