လီဗာပူးအသင်းခံစစ် ကစားသမား အာနိုး ပြိုင်ပွဲစုံတွင် ဂိုးပါဝင်ပတ်သက်မှု အကြိမ်ရေ ၁၀၀ ပြည့်ပြီး အသင်းတွင် တတိယမြောက် ဂိုးဖန်တီးမှု အများဆုံး ကစားသမားဖြစ်လာ

 

လီဗာပူးအသင်းခံစစ် ကစားသမား အာနိုး ပြိုင်ပွဲစုံတွင် ဂိုးပါဝင်ပတ်သက်မှု အကြိမ်ရေ ၁၀၀ ပြည့်ပြီး အသင်းတွင် တတိယမြောက် ဂိုးဖန်တီးမှု အများဆုံး ကစားသမားဖြစ်လာ

 

လန်ဒန် စက်တင်ဘာ ၂၂

‌    လီဗာပူးအသင်း တောင်ပံခံစစ် ကစားသမား အာနိုးသည် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ်  ကစားသည့်  လီဗာပူးအသင်းက  ဘုန်းမောက်စ်အသင်းကို   ၃ ဂိုး- ဂိုးမရှိဖြင့်အနိုင်ရရှိသော ပွဲစဉ်တွင် ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ်နိုင်ပြီးနောက် ပြိုင်ပွဲစုံတွင် ဂိုးပါဝင်ပတ်သက်မှု  (သွင်းဂိုးနှင့်  ဂိုးဖန်တီးမှု)    အကြိမ်ရေ ၁၀၀  ပြည့်ပြီး လီဗာပူးအသင်းသမိုင်း တစ်လျှောက်ဂိုးဖန်တီးမှု အများဆုံး ကစားသမားစာရင်းတွင် တတိယနေရာသို့ ရောက်ရှိလာကြောင်း သိရသည်။

လီဗာပူးအသင်းက  အိမ်ကွင်း၌  ဘုန်းမောက်စ်အသင်းကို  ၃ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည့်ပွဲစဉ်တွင်  အာနိုးက  ပွဲချိန် ၂၈ မိနစ်တွင်  လူးဝစ်ဒီယက်ဇ်၏ သွင်းဂိုးကို ဖန်တီးမှုပြုလုပ် ပေးနိုင်ပြီးနောက် ပြိုင်ပွဲစုံတွင်   ဂိုးပါဝင်ပတ်သက်မှု အကြိမ်ရေ ၁၀၀ ပြည့်ခဲ့၍ မှတ်တမ်း‌ကောင်းတစ်ရပ်ကို   ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။

အသက်  ၂၅  နှစ်အရွယ်  အာနိုးသည်  လီဗာပူးအသင်း  အကယ်ဒမီထွက်ကစားသမား တစ်ဦးဖြစ်ပြီး ၂၀၁၅   ခုနှစ်မှစ၍   အသင်းနှင့်ပရော်ဖက်ရှင်နယ် စာချုပ်ချုပ်ဆိုကာ စတင်လက်တွဲခဲ့ပြီး ဘောလုံးရာသီတိုင်းတွင်  အကောင်းဆုံးခြေစွမ်းပြနိုင်ကာ  အဓိက ကစားသမားအဖြစ်  ပါဝင်ခွင့်ရရှိနေသူဖြစ်သည်။ အာနိုးသည်  လီဗာပူးအသင်းနှင့်  ဘုန်းမောက်စ်အသင်းတို့ပွဲစဉ်တွင်  ဂိုးဖန်တီးမှုပြုလုပ်နိုင်ပြီးနောက်  လီဗာပူးအသင်းနှင့် အတူ   ပြိုင်ပွဲစုံတွင် သွင်းဂိုး ၁၉ ဂိုး၊  ဂိုးဖန်တီးမှု ၈၁  ကြိမ် စုစုပေါင်းဂိုး ပါဝင်ပတ်သက်မှုအကြိမ်ရေ ၁၀၀ ပြည့်ခဲ့ခြင်းဖြစ်သည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲ၌  လီဗာပူးအသင်း သမိုင်းတစ်လျှောက်  အာနိုးသည် ဘုန်းမောက်စ်အသင်းနှင့် ပွဲစဉ်မတိုင်မီက ဂိုးဖန်တီးမှုအများဆုံး ကစားသမား စာရင်းတွင် စတုတ္ထနေရာ၌ ရပ်တည်နေပြီး ဘုန်းမောက်စ်အသင်းနှင့် ပွဲစဉ်တွင်   ဂိုးဖန်တီးမှု တစ်ကြိမ်ပြုလုပ်နိုင်ခဲ့သောကြောင့်  ဂိုးဖန်တီးမှု  ၅၉ ကြိမ် ရှိလာသည့်အတွက်    ကစားသမားဟောင်း စတိဗ်မက်မက်နာမန်းကို တစ်ကြိမ်အသာဖြင့် ကျော်ဖြတ်၍  တတိယနေရာ၌  ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။

လီဗာပူးအသင်းသမိုင်းတစ်လျှောက်  ဂိုးဖန်တီးမှု အများဆုံး ကစားသမားအဖြစ်  ဂန္ထဝင် ကစားသမား ဂျရတ်က   ၉၂   ကြိမ်ဖြင့်  ထိပ်ဆုံးမှ ရပ်တည်နေကြောင်း သိရသည်။                             

Dates: 
Monday, September 23, 2024 - 10:13