M21 U-23 Futsal Cup Mandalay 2024 ပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်များ ယှဉ်ပြိုင်ကစား
မန္တလေး မေ ၁၈
မန္တလေးတိုင်းဒေသကြီး ဖူဆယ်ဘောလုံးဆပ်ကော်မတီက ကြီးမှူးကျင်းပလျက်ရှိသည့် M21 U-23 Futsal Cup Mandalay 2024 ပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်များကို ယနေ့နံနက် ၉ နာရီမှစတင်ပြီး မန္တလေးမြို့ Min Khant Myanmar Sports Complex တွင် စတင်ကျင်းပခဲ့ကြောင်း သိရသည်။
M21 U-23 Futsal Cup Mandalay 2024 ပြိုင်ပွဲ ဆီမီးဖိုင်နယ် အဆင့်ပွဲစဉ်များအဖြစ် ယနေ့နံနက် ၉ နာရီတွင် Linn Latt FC အသင်းနှင့် Pyae Sone FC အသင်းတို့ ကစားခဲ့ရာ Pyae Sone FC အသင်းက နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ Pyae Sone FC အသင်းအတွက် သွင်းဂိုးများကို သီဟမင်းသန့်၊ ထွန်းထွန်းဝင်း၊ အောင်သန့်ဦးနှင့် ကျော်ဇင်ထက်တို့က သွင်းယူပေးခဲ့ပြီး Linn Latt FC အသင်းအတွက် သွင်းဂိုးကို ဟိန်းမာန်ဇာနည်ထွန်းက သွင်းယူပေးခဲ့သည်။
အလားတူ နံနက် ၁၁ နာရီတွင် MB United အသင်းနှင့် Sun Shine FC အသင်းတို့ကစားခဲ့ရာ MB United အသင်းက နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ MB United အသင်းအတွက် သွင်းဂိုးများကို ခန့်တီမင်းထွေးနှင့် သန့်ဇင်ထွန်းတို့က သွင်းယူပေးခဲ့ပြီး Sun Shine FC အသင်းအတွက် သွင်းဂိုးကို ကောင်းစည်သူက သွင်းယူပေးနိုင်ခဲ့သည်။
M21 U-23 Futsal Cup Mandalay 2024 ပြိုင်ပွဲတတိယလုပွဲနှင့် ဗိုလ်လုပွဲစဉ်ကို မေလ ၂၀ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး တတိယလုပွဲအဖြစ် Linn Latt FC အသင်းနှင့် Sun Shine FC အသင်း၊ ဗိုလ်လုပွဲအဖြစ် MB United အသင်းနှင့် Pyae Sone FC အသင်းတို့ ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူအောင်