လယ်ဝေးမြို့နယ် ကျောက်အိုးရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်မှုထမ်းဆောင်ရန် ဒေသခံပြည်သူများ အား ဖမ်းဆီးခေါ်ဆောင်သွားဟု မဟုတ်မမှန် သတင်းများရေးသားဖြန့်ဝေလျက်ရှိ

လယ်ဝေးမြို့နယ် ကျောက်အိုးရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်မှုထမ်းဆောင်ရန် ဒေသခံပြည်သူများ အား ဖမ်းဆီးခေါ်ဆောင်သွားဟု မဟုတ်မမှန် သတင်းများရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ စက်တင်ဘာ ၂၃

နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ကျောက်အိုးကျေးရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရေဘေးသင့် ပြည်သူများထဲမှ ချင်း အမျိုးသား ၇၀ ကျော်အား စစ်မှုထမ်းဆောင်ရန် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု တရားမဝင် ပြည်ဖျက်မီဒီယာများမှ မဟုတ်မမှန် သတင်းအမှားများ ရေးသားဖြန့်ဝေကြောင်း တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍  လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သဘာဝဘေးအန္တရာယ်ဖြစ်ပွားသည့် နေရာများသို့ သွားရောက်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို တက်ကြွစွာဖြင့် အင်တိုက်အားတိုက် ဆောင်ရွက် လျက်ရှိသည်ကို နိုင်ငံပိုင်မီဒီယာများနှင့် လူမှုကွန်ယက်များပေါ်တွင် တွေ့မြင်နိုင်ကြောင်းနှင့် ထိုသို့ တပ်မတော်သားများနှင့် ဒေသခံပြည်သူများ အတူပူပေါင်းလက်တွဲ၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ တက်ကြွစွာ ဆောင်ရွက်နေသည်ကို မလိုလားသည့် အဖွဲ့အစည်းများက ပြည်သူနှင့်တပ်မတော်ကို သွေးခွဲ လိုသည့် ရည်ရွယ်ချက်ဖြင့် သတင်းအမှားများကို လုပ်ကြံဖန်တီး ရေးသားခြင်းဖြစ်ကြောင်း အဆိုပါကျေးရွာ၌ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ် ရေးဆောင်ရွက်နေသည့် တာဝန်ရှိသူတစ်ဦး၏ ပြောပြချက် အရသိရသည်။

Dates: 
Monday, September 23, 2024 - 18:16