(၁၈)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ရွှေတံဆိပ်သုံးခုနှင့် ငွေတံဆိပ်သုံးခု ဆွတ်ခူးရရှိ

 

(၁၈)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ရွှေတံဆိပ်သုံးခုနှင့် ငွေတံဆိပ်သုံးခု ဆွတ်ခူးရရှိ

ရန်ကုန်  မေ  ၁၉

လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင် မေလ ၁၆ ရက်မှ ၂၀ ရက်အထိ ကျင်းပလျက်ရှိသည့် (၁၈)ကြိမ်မြောက်အရှေ့တောင်အာရှ  ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ(၂၀၂၄) (18th South East Asian Bodybuilding And Physique Sports Championship 2024)တွင်  မေလ ၁၈ ရက်က ပြုလုပ်ယှဉ်ပြိုင်ကြသည့် Women's Athletic Physique ပြိုင်ပွဲ၌    ပထမရွှေတံဆိပ်ဆုကို  မြန်မာနိုင်ငံမှသဲဝါက ဆွတ်ခူးရရှိခဲ့သည်။ ယင်းပြိုင်ပွဲတွင် ဗီယက်နမ်နိုင်ငံက ဒုတိယငွေတံဆိပ်ဆုကို လည်းကောင်း၊ လာအိုနိုင်ငံက တတိယကြေးတံဆိပ်ဆုကိုလည်းကောင်း ရရှိခဲ့ကြသည်။

ထို့အတူ ကာယဗလ ၆၅ ကီလိုတန်းပြိုင်ပွဲတွင် မြန်မာနိုင်ငံမှမုန်ဘန်အောင်က ဒုတိယငွေတံဆိပ်ဆုကို ဆွတ်ခူးရရှိသည်။ ယင်းပြိုင်ပွဲတွင် မလေးရှားနိုင်ငံက ပထမရွှေတံဆိပ်ဆုကိုလည်းကောင်း၊ ဗီယက်နမ်နိုင်ငံက တတိယကြေးတံဆိပ်ဆုကိုလည်းကောင်းရရှိသည်။

ယနေ့ဆက်လက်ယှဉ်ပြိုင်သည့် Men's Athletic Physique up to 175 cm + 6kg ပြိုင်ပွဲတွင် ကိုကိုကျော်ဖြိုးကရွှေတံဆိပ်၊ Men's Sports Physique up to 170 cm -2 kg ပြိုင်ပွဲတွင် သန်းထိုက်ဦးကရွှေတံဆိပ်၊ Women's Model Physique up to 160 cm ပြိုင်ပွဲတွင် ခင်နီလာစိုးက ငွေတံဆိပ်နှင့် Women's Model Physique over 165 cm ပြိုင်ပွဲတွင် ဇူးဇူးသက်က ငွေတံဆိပ်ထပ်မံဆွတ်ခူးရရှိကြသည်။

ယနေ့ပြိုင်ပွဲအပြီးတွင်      မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားသမားများက ရွှေတံဆိပ်သုံးခု၊  ငွေတံဆိပ်သုံးခုရရှိခဲ့ကြပြီး အခြားပွဲစဉ်များဖြစ်သည့် ၆၀ကီလိုတန်းပြိုင်ပွဲတွင်  မြန်မာအားကစားအဖွဲ့မှ ထွန်းမင်းနိုင်၊  ၇၀ ကီလိုတန်းပြိုင်ပွဲတွင် နိုင်မင်းသိမ်းနှင့် ၇၅ ကီလိုတန်းပြိုင်ပွဲတွင် အောင်မင်းဦးတို့က    စတုတ္ထဆုနှင့် ၇၅ အထက်ကီလိုတန်းပြိုင်ပွဲတွင် မျိုးနိုင်ထွန်းက ဆဋ္ဌမဆု ရရှိခဲ့ကြသည်။

အဆိုပါ(၁၈)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ(၂၀၂၄)သို့ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ စင်ကာပူနှင့် အိမ်ရှင်လာအိုနိုင်ငံတို့မှ ကစားသမား ၁၁၈ ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း မြန်မာနိုင်ငံ  ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်မှ သိရသည်။  

ဝန်းရံခ

Dates: 
Tuesday, September 24, 2024 - 08:59