ယခုဘောလုံးရာသီ ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲပြီးဆုံးခဲ့ပြီးနောက် လေဗာကူဆင်အသင်း တစ်ရာသီစလုံး ရှုံးပွဲမရှိဘဲ ချန်ပီယံဆုဆွတ်ခူးနိုင်သည့် ပထမဆုံးအသင်းအဖြစ်မှတ်တမ်းဝင်

 

ယခုဘောလုံးရာသီ ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲပြီးဆုံးခဲ့ပြီးနောက် လေဗာကူဆင်အသင်း တစ်ရာသီစလုံး ရှုံးပွဲမရှိဘဲ ချန်ပီယံဆုဆွတ်ခူးနိုင်သည့် ပထမဆုံးအသင်းအဖြစ်မှတ်တမ်းဝင်

 

ယခုဘောလုံးရာသီ   ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲ  ပြီးဆုံးခဲ့ပြီးနောက် ပြိုင်ပွဲမပြီးဆုံးမီကတည်းက ချန်ပီယံ ဆုဆွတ်ခူးနေသည့်   လေဗာကူဆင်အသင်းသည် နောက်ဆုံးပွဲစဉ်တွင်လည်း  အော့စ်ဘတ်အသင်းကို ၂ ဂိုး - ၁ ဂိုးဖြင့်အနိုင်ရရှိကာ ဂျာမန်ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲသမိုင်းတစ်လျှောက် တစ်ရာသီစလုံး ရှုံးပွဲမရှိဘဲ  ချန်ပီယံဆုဆွတ်ခူးနိုင်သည့်  ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

လေဗာကူဆင်အသင်းသည်  ယခုဘောလုံးရာသီ တွင် နည်းပြအလွန်ဆိုလက်အောက်၌ ပုံစံကောင်းပြသ နိုင်ခဲ့ပြီး ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲ၌ ၃၄ ပွဲကစား ရာတွင် ၂၈ ပွဲနိုင်၊ ခြောက်ပွဲသရေ  ရမှတ်  ၉၀  ဖြင့် ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

လေဗာကူဆင်အသင်းသည် ယခုဘောလုံးရာသီ တွင် ဂျာမန်ဘွန်ဒက်စ်လီဂါချန်ပီယံဆု  ဆွတ်ခူးနိုင်ခဲ့ပြီးနောက်  ယူရိုပါလိဂ်ပြိုင်ပွဲနှင့်   ဂျာမန်ပိုကယ်ဖလားပြိုင်ပွဲတို့တွင်လည်း   ဗိုလ်လုပွဲကစားရမည်ဖြစ် သည်။

ယခုဘောလုံးရာသီ  ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲ ပြီးဆုံးခဲ့ပြီးနောက် ချန်ပီယံဆုဖလားဆွတ်ခူးရရှိသည့် လေဗာကူဆင်အသင်း၊ အဆင့် (၂) နေရာမှ စတုဂတ် အသင်း၊ အဆင့် (၃) နေရာမှ ဘိုင်ယန်မြူးနစ်အသင်း၊ အဆင့် (၄) နေရာမှ လိုက်ပဇစ်အသင်း၊ အဆင့် (၅) နေရာမှ ဒေါ့မွန်အသင်းတို့က ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့ ပြီး အဆင့် (၆) နေရာမှ ဖရန့်ဖက်အသင်းက ယူရိုပါလိဂ် ပြိုင်ပွဲနှင့် အဆင့် (၇) နေရာမှ ဟော့ဖန်ဟိန်းအသင်း က ယူရိုပါကွန်ဖရင့်လိဂ်ပြိုင်ပွဲသို့ အသီးသီးဝင်ရောက် ခွင့်ရရှိခဲ့သည်။

အလားတူ အဆင့် (၁၆) နေရာ၌ ရပ်တည်ခဲ့သည့် ဘိုချမ်အသင်းသည် ဂျာမန်ဘွန်ဒက်စ်လီဂါ-၂ မှ ဒူဆယ် ဒေါ့အသင်းနှင့်    ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲတွင် ဆက်လက်ကစားခွင့်ရရှိရန်   ရှုံးထွက်ပွဲစဉ်ကစားရ မည်ဖြစ်ကာ ကိုလုံးအသင်းနှင့် ဒမ်စတက်အသင်းတို့ က  ဂျာမန်ဘွန်ဒက်စ်လီဂါ-၂ ပြိုင်ပွဲသို့ တန်းဆင်းခဲ့ရ ကြောင်း သိရသည်။         

Ref:Fotmob.com

Dates: 
Tuesday, September 24, 2024 - 09:03