MNL League Cup 2024 ပြိုင်ပွဲ အုပ်စု(A)နောက်ဆုံးပွဲစဉ်များတွင် ရန်ကုန်ယူနိုက်တက် အသင်းနှင့့် University အသင်းတို့ နိုင်ပွဲကိုယ်စီရရှိ

 

MNL League Cup 2024 ပြိုင်ပွဲ အုပ်စု(A)နောက်ဆုံးပွဲစဉ်များတွင် ရန်ကုန်ယူနိုက်တက် အသင်းနှင့့် University အသင်းတို့ နိုင်ပွဲကိုယ်စီရရှိ

ရန်ကုန်   မေ   ၁၉

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပလျက်ရှိနေသည့် MNL League Cup 2024  ပြိုင်ပွဲ အုပ်စု(A) အုပ်စုနောက်ဆုံးပွဲစဉ်များကို ယနေ့ညနေပိုင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်ယူနိုက်တက်အသင်းနှင့့် University အသင်းတို့ နိုင်ပွဲကိုယ်စီရရှိခဲ့ကြကြောင်း သိရသည်။

MNL League Cup 2024 ပြိုင်ပွဲအုပ်စု(ဗ)ပွဲစဉ်များအဖြစ် ယနေ့ညနေ ၃ နာရီ ၄၅ မိနစ်တွင် ပဒုမ္မာအားကစားကွင်း၌ GFA အသင်းနှင့့် University အသင်းတို့ကစားခဲ့ရာ University အသင်းက ၃ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး University အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၆၂ မိနစ်တွင်   ငြိမ်းဇေယျာက လည်းကောင်း၊  ပွဲချိန် ၆၆ မိနစ်တွင်   လှိုင်ဘွားကလည်းကောင်း၊ ပွဲချိန်  ၈၁ မိနစ်တွင်  ဇော်ဇော်ထိုက်က လည်းကောင်း သွင်းယူပေးနိုင်ခဲ့ပြီး GFA အသင်းအတွက် သွင်းဂိုးကို ပွဲချိန် ၂၈ မိနစ်တွင် လှဖုန်းဦးက သွင်းယူပေးနိုင်ခဲ့ခြင်းဖြစ်သည်။

အလားတူ ညနေ  ၄ နာရီတွင် သုဝဏ္ဏအားကစားကွင်း၌   ရန်ကုန်ယူနိုက်တက်အသင်းနှင့်  မဟာယူနိုက်တက် အသင်းတို့ကစားခဲ့ရာ  ရန်ကုန်ယူနိုက်တက်အသင်းက ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး   ရန်ကုန်ယူနိုက်တက် အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၄ မိနစ်တွင် ဥက္ကာနိုင်ကလည်းကောင်း၊ ပွဲချိန် ၃၃ မိနစ်တွင် ရန်နိုင်ဦးကလည်းကောင်း၊ ပွဲချိန် ၆၆ မိနစ်တွင် ဇော်ဝင်းသိန်းကလည်းကောင်း သွင်းယူပေးနိုင်ခဲ့ပြီး မဟာယူနိုက်တက်အသင်းအတွက်  သွင်းဂိုးကို  ပွဲချိန် ၂၇ မိနစ်တွင် အီဒူဘတ်က သွင်းယူပေးနိုင်ခဲ့သည်။

MNL League Cup 2024 ပြိုင်ပွဲအုပ်စု(B)ပွဲစဉ်များအဖြစ် မေလ ၂၀ ရက်(ယနေ့)ညနေ ၄ နာရီတွင် YUSC အားကစားကွင်း၌ ကချင်ယူနိုက်တက်အသင်းနှင့် Glory Goal အသင်း၊ သုဝဏ္ဏအားကစားကွင်း၌ ရှမ်းယူနိုက်တက် အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့  ဆက်လက်ကစားမည် ဖြစ်ကြောင်း သိရသည်။                       

 စည်သူအောင်     

Dates: 
Tuesday, September 24, 2024 - 09:21