ဒီဇင်ဘာ ၁၂ ရက်ညက ချယ်လ်ဆီးအသင်းသည် အဲဗာတန်ကိုရှုံးပြီး ၁၇ ပွဲဆက် ရှုံးပွဲမရှိခဲ့မှု ရပ်တန့်သွားပြီးနောက် နည်းပြလမ်းပတ်က လီဗာပူးနည်းပြဂျာဂန် ကလော့ပြောခဲ့သည့် မိမိအသင်းကစား သမားအင်အား အတောင့်တင်းဆုံး ဖြစ်၍ ချန်ပီယံဖြစ်ရန် အလေးအသာဆုံးဖြစ် သည်ဟူသော စကားကို မကျေမနပ်တုံ့ပြန်ခဲ့သည်။
ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့် နွေရာသီဈေးကွက်က ပေါင်သန်း ၂၀၀ ကျော်သုံးပြီး ကစားသမားကောင်းများ ဝယ်ယူနိုင်ခဲ့သော်လည်း အဲဗာတန်နှင့်ပွဲ၌ ချယ်လ်ဆီးအတွက် ဇီယစ်ချ်နှင့်ပူလီဆစ်တို့မှာ ဒဏ်ရာများကြောင့် မပါဝင်နိုင်ခဲ့ပေ။
ပွဲအပြီးတွင် လမ်းပတ်က ကိုယ်တွေက အင်အားအတောင့်တင်းဆုံး အသင်းလို့ ဖတ်လိုက်ရတယ်။ နားမလည်နိုင်ဘူး။
ကျွန်တော်တို့ အသင်းမှာ အမှတ်ပေးချန်ပီယံဖြစ်ဖူးသူ နည်းနည်းပါပေမယ့် ကျန်တာက ကစားသမားသစ်နဲ့ လူငယ်တွေချည်း ဖြစ်လို့ ပြင်ဆင်ဆဲကာလပဲရှိသေးတယ်ဟု တုံ့ပြန်ခဲ့သည်။
Ref:Dailymail