၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံများ၊ စာရေးကိရိယာများ၊ ထောက်ပံ့ပစ္စည်းများနှင့် ပညာသင်ထောက်ပံ့ငွေများ ပေးအပ်

 

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံများ၊ စာရေးကိရိယာများ၊ ထောက်ပံ့ပစ္စည်းများနှင့် ပညာသင်ထောက်ပံ့ငွေများ ပေးအပ်

နေပြည်တော်၊ ၂၀၂၄ မေ - ၂၉

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံများ၊ စာရေးကိရိယာများ၊ ထောက်ပံ့ပစ္စည်းများနှင့် ပညာသင်ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့တွင် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှု အောက် တပ်နယ်၊ တပ်ရင်း/တပ်ဖွဲ့အသီးသီးတို့၌ ပြုလုပ်ကြရာ တိုင်းစစ်ဌာနချုပ်များ မှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဆရာ၊ ဆရာမများ၊ မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဖွင့်အမှာစကားများ အသီးသီး ပြောကြားကြပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံများ၊ စာရေးကိရိယာများ၊ ထောက်ပံ့ ပစ္စည်းများနှင့် ပညာသင်ထောက်ပံ့ငွေများ အသီးသီးပေးအပ်ကြရာ တာဝန်ရှိသူများ နှင့် ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူကြသည်။

ထို့နောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဆရာ၊ ဆရာမများ၊ မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။    

Dates: 
Wednesday, September 25, 2024 - 04:02