ကူဘရတ်ပူလက်ဗ်ကို နဝမအချီတွင် အလဲထိုးဖြင့် အန်တိုနီဂျိုရှူအာ အနိုင်ရ

ဒီဇင်ဘာ ၁၂ ရက်ညက လန်ဒန်ဝင်ဘလေကွင်း၌ ကျင်းပသည့် ဟဲဗီးဝိတ်လက်ဝှေ့ပွဲတွင် လက်ရှိချန်ပီယံ  ဗြိတိန်နိုင်ငံသား  အန်တိုနီဂျိုရှူအာ သည် IBF ဟဲဗီးဝိတ်တန်း ချန်ပီယံခါးပတ်ကာကွယ်ပွဲအဖြစ် ဘူလ်ဂေးရီးယား လက်ဝှေ့ကျော်  ကူဘရတ်ပူလက်ဗ်နှင့် ယှဉ်ပြိုင်ရာ  နဝမအချီတွင် ကူဘရတ်ပူလက်ဗ်ကို  အလဲထိုးဖြင့်  အနိုင်ယူကာ  ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့သည်။

အသက် ၃၁ နှစ်ရှိပြီဖြစ်သော ဂျိုရှူအာသည် ပြီးခဲ့သည့်နှစ်က မိမိ အားအနိုင်ယူခဲ့သော  မက္ကဆီကိုလက်ဝှေ့ကျော် အန်ဒီရုဇ်ဂျူနီယာကို ပြန်လည်စိန်ခေါ် အနိုင်ရရှိခဲ့ပြီးနောက် ယခုပွဲမှာ ဂျိုရှူအာအတွက် တစ်နှစ်အတွင်း ပထမဆုံးပြန်လည် ယှဉ်ပြိုင်သောပွဲဖြစ်သည်။ အသက် ၃၇ နှစ်ရှိပြီဖြစ်သော ကူဘရတ်ပူလက်ဗ်၏ အကြမ်းတမ်းဆုံး ယှဉ်ပြိုင်မှုကို စိတ်ရှည်စွာစောင့်ပြီး ထိရောက်သော တန်ပြန်လက်သီးချက်များဖြင့် ယှဉ်ပြိုင်ရာ

တတိယအချီတွင် ကူဘရတ်ပူလက်ဗ်ကို အမှတ်စဉ်ရေတွက်ရသည်အထိ အထိနာစေခဲ့သည်။ နဝမအချီတွင် ဂျိုရှူအာသည် ကူဘရတ်ပူလက်ဗ်ကို ပင့်လက်သီးဖြင့် ပက်လက်လန်လဲကျစေရန်  ယှဉ်ပြိုင်နိုင်ခဲ့သော်လည်း ပြန်ထလာနိုင်သဖြင့် ဘယ်ညာလက်သီးတွဲလုံးများဖြင့် ဆက်လက်ယှဉ်ပြိုင်ခဲ့သောကြောင့် ကူဘရတ်ပူလက်ဗ် ပြန်မထ လာနိုင်တော့ဘဲ  ဂျိုရှူအာကအလဲထိုးဖြင့် အနိုင်ရရှိခြင်းဖြစ်သည်။

ဂျိုရှူအာသည်  လက်ရှိ ဟဲဗီးဝိတ်တန်း  IBF၊ WBA၊ WBOနှင့် IBO ချန်ပီယံခါးပတ်များကို ဆက်လက်ပိုင်ဆိုင်နိုင်ခဲ့သည်။ ဂျိုရှူအာ၏ ပွဲသွင်းသူ အက်ဒီဟန်းက ၂၀၂၁ ခုနှစ်အတွင်း တစ်ဦးလျှင် ပေါင်သန်း ၁၀၀ စီရရှိနိုင်မည့်  ဂျိုရှူအာနှင့်  WBC  ချန်ပီယံတိုင်ဆန်ဖြူရီတို့၏ ချန်ပီယံခါးပတ်ပေါင်းစည်းပွဲကို စီစဉ်မည်ဟုပြောသည်။         

Ref:BBC