ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကို စောင့်ရှောက်

ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကို စောင့်ရှောက်

ယမန်နေ့မှအဆက်

ရေသွယ်စနစ်တစ်လျှောက်တွင် ရေတင်စက်ရုံ ၅ ရုံရှိသည်။ တောင်ပိုင်းတွင် Mojave ဒေသကို ဖြတ်သန်း တည်ဆောက်ရသော  ရေသွယ်မြောင်း ၁၀၀ ကီလိုမီတာ (၆၂)မိုင်၊  ရေသွယ်ဥမင်လိုဏ်  ၁၄၈  ကီလိုမီတာ (၉၂ မိုင်)၊ ရေသွယ်ပိုက် ၁၃၅ ကီလိုမီတာ(၈၄)မိုင် (ှငစ့သည အပါအဝင်) အသီးသီးဖြင့် သွယ်ယူသည်။ နှစ်စဉ် သောက်သုံးရေ ကုဗမီတာသန်းပေါင်း ၁၅၀၀ (၃၄၀၀၀၀ ဂါလန်သန်း) ပို့လွှတ်သည်။ ၂၀၄၀ ပြည့်နှစ် တွင် ရန်ကုန်မြို့တော်အတွက် ရေဖြန့်ဝေရန် လျာထားသောပမာဏထက် အဆ ၆၀၀ ကြီးမားသည်။

ဤရေသွယ်စနစ်တွင် ရေသွယ်မြောင်းတစ်လျှောက် ရေတင်စက်ရုံများဖြင့် ရေတင်ပေးသလို ရန်ကုန်နှင့် ညောင်လေးပင်မြို့ခန့်ဝေးကွာသော အကွာအဝေးကိုပင် ဥမင်လိုဏ်ဖောက်၍ သွယ်ယူသည်။ ၁၉၃၃ ခုနှစ် ကတည်းက ပြီးစီးနေခဲ့သောရေသွယ်စနစ်ဖြစ်သည်။

ဤရေသွယ်စနစ်ကြောင့်  Los  Angeles, Santa  Ana,Fullerton, Anaheim, Sam Marine, Pasadena,Burbank, Glendale, Compton, Torrance, Santa Monica, Beverly Hills  အစရှိသည့် မြို့ပေါင်းများစွာအတွက် သောက်သုံးရေအဆင်ပြေခဲ့သည်။

ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းရှိ  မြို့ပေါင်းများစွာ  သောက်သုံးရေမလုံလောက်မှုကို ဖြေရှင်းရာတွင်  ကီလိုမီတာရာပေါင်းများစွာ အကွာ၌   စီးဆင်းနေသောမြစ်များပေါ်တွင်  တာတမံကြီးများ၊ ရေလွှဲ စနစ်များတည်ဆောက်ပြီး သွယ်ယူဖြေရှင်းခဲ့ကြသည်။ ဤဒေသများသည် အမေရိကန်ပြည်ထောင်စု၏ ဖွံ့ဖြိုး မှုမြင့်မားပြီး  လူတစ်ဦးချင်း ဝင်ငွေကောင်းမွန်သည့်ဒေသများ ဖြစ်လာခဲ့သည်။  ကြီးမားသော ရည်မှန်းချက်များချမှတ်၍ ဒုတိယကမ္ဘာစစ်မတိုင်မီကပင် ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။

အခန်း(၆)

အမေရိကန်နိုင်ငံ ကိုလိုရာဒိုမြစ်ကို ထိရောက်စွာအသုံးချမှု

ကိုလိုရာဒိုမြစ်သည် ကီလိုမီတာ ၂၃၃၀(၁၄၅၀ မိုင်)ခန့် ရှည်လျားသည်။ နှစ်စဉ် ပျမ်းမျှရေစီးနှုန်းမှာ ၆၄၀ ကုဗမီတာ/စက္ကန့် (၂၂၅ ဒသမ ၀၀ ကုဗပေ^ စက္ကန့်)ရှိသည်။ ကယ်လီဖိုးနီးယားပင်လယ်ကွေ့သို့ စီးဝင်သောမြစ်ဖြစ်သည်။

အချို့ရာသီတွင် မြစ်အတွင်း လုံးဝရေခန်းတတ်ပြီး မိုးကြီးချိန်တွင် ၁၀၉၀၀ ကုဗမီတာ^စက္ကန့် (၃၈၄၀၀၀ ကုဗပေ^စက္ကန့်)ထိ ကြီးမားသောရေထုကို သယ်ဆောင်လာသည့်မြစ်ဖြစ်သည်။ ရေစီးနှုန်းမှာ နွေနှင့်မိုးရာသီ နှစ်ခု လွန်စွာကွာဟသည်။

ကိုလိုရာဒိုမြစ်ထဲသို့ စီးဝင်နေကြသော ထင်ရှားသည့်မြစ်များမှာ Green, San Juan, Little Colorado, Gila  အစရှိသည့်မြစ်များ ဖြစ်သည်။

ကိုလိုရာဒို၏မြစ်လက်တက်များနှင့် ပင်မမြစ်ကြီးပေါ်တွင် ကြီးမားသော ရေလှောင်တမံကြီးများ တည် ဆောက်ထားပြီး ရေကိုထိန်းညှိလွှတ်ပေးနေသည်။