စစ်တောင်းမြစ်နှင့် ပဲခူးမြစ်ရေကြီးမှု အခြေအနေ
နေပြည်တော် စက်တင်ဘာ ၂၅
ယနေ့ညနေ ၅ နာရီခွဲအချိန် တိုင်းထွာချက်အရ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၃ လက်မခန့်တွင် ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက် ၁၂ နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်။
ယနေ့ညနေ ၅ နာရီခွဲအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ၂ ပေခန့်ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း ပေဝက်ခန့် ကျဆင်းလာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်သို့ ၃ ပေခွဲခန့် ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း ပေဝက်ခန့် ကျဆင်းလာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်သည်။
သို့ဖြစ်ပါ၍ ပဲခူးမြို့နယ်၊ တောင်ငူမြို့နယ်နှင့် မဒေါက်မြို့တို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ ရှောင်ရှားနိုင်ပါရန် သတိပေး နှိုးဆော်အပ်ပါသည်။
(မိုး/ဇလ)