ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရီးယဲလ်မက်ဒရစ်အသင်း တိုက်စစ်ကစားသမား ဗင်နီစီးယက်စ် ဆွတ်ခူးနိုင်မည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်

 

 

 

ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရီးယဲလ်မက်ဒရစ်အသင်း တိုက်စစ်ကစားသမား ဗင်နီစီးယက်စ် ဆွတ်ခူးနိုင်မည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်

 

မက်ဒရစ် စက်တင်ဘာ ၂၅

    ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က ချီးမြှင့်မည့် ၂၀၂၄  ကမ္ဘာ့အကောင်းဆုံးဆုများ ပေးအပ်ပွဲ  အခမ်းအနားတွင်   ပေးအပ်ချီးမြှင့်မည့်   အဓိကဆု တစ်ခုဖြစ်သည့်    ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု (Ballon  D'Or)    ကို     ရီးယဲလ်မက်ဒရစ်အသင်း တိုက်စစ်ကစားသမား ဗင်နီစီးယက်စ်က ဆွတ်ခူးနိုင်မည် ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံးဆုများ ပေးအပ်ပွဲ အခမ်းအနားကို အောက်တိုဘာလ  ၂၈  ရက်တွင် ကျင်းပမည်ဖြစ်ပြီး  လက်ရှိတွင်   ဆန်ခါတင်ကစားသမားဦးရေ  ၃၀  စာရင်းထုတ်ပြန်ပြီးနောက်  ဗင်နီစီးယက်စ်က    ဆွတ်ခူးနိုင် မည်ဟု   သတင်းများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိထုတ်ပြန်ထားသည့်   ဆန်ခါတင်ကစားသမားဦးရေ ၃၀ စာရင်းတွင်  နှစ်ပေါင်း   ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ်    ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု(Ballon D'Or)  ကို  အကြိမ်ရေအများဆုံး ရရှိထားသည့် မက်ဆီနှင့် စီရော်နယ်ဒိုတို့ ပါဝင်လာ ခြင်းမရှိဘဲ ဆန်ခါတင်ကစားသမား ဦးရေ ၃၀ မှ ဗင်နီစီးယက်စ်နှင့်အတူ အသင်းဖော် ဘယ်လင်ဟမ်နှင့် မန်စီးတီးအသင်း ကွင်းလယ်ကစားသမား ရိုဒရီတို့က ထိပ်ဆုံးမှ  ရေပန်းစားလျက်ရှိပြီး  ယခုအခါ ဗင်နီစီး ယက်စ်က   ဆုရရှိရန်  သတင်းများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

အစောပိုင်းနှစ်များကလည်း  ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု(Ballon D'Or)အတွက်  ဆန်ခါတင် စာရင်းထုတ်ပြန်ပြီးနောက် အဆိုပါဆုရရှိသည့် ကစားသမား   ပေါက်ကြားသည့် အစဉ်အလာများရှိခဲ့ပြီး   မက်ဆီရရှိသည့် နှစ်များတွင်လည်း   ဆန်ခါတင် စာရင်းထုတ်ပြန်ပြီးနောက် ဆုပေးပွဲမတိုင်မီကတည်း က သတင်းများ ပေါက်ကြားလေ့ရှိကာ ဆုပေးပွဲအခမ်းအနားတွင်လည်း    သတင်းပေါက်ကြားသည့်အတိုင်း မက်ဆီရရှိခဲ့ပြီး ယခုအခါတွင်လည်း ဆုပေးပွဲမတိုင်မီ ကတည်းက ဗင်နီစီးယက်စ် ရရှိမည်ဟု သတင်းများ ထွက်ပေါ်နေခြင်းဖြစ်သည်။

‌လက်ရှိတွင် ဗင်နီစီးယက်စ်ကို အဓိက စပွန်ဆာပေးထားသည့် ‌Nike ကလည်း ဗင်နီစီးယက်စ်အနေ ဖြင့် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု  (Ballon D'Or)  ရရှိခဲ့လျှင် ၎င်းအတွက်  အထူးဂုဏ်ပြုထားသည့် ဖိနပ်များကို  ထုတ်လုပ်ရောင်းချရန်     ပြင်ဆင် လျက်ရှိသည့်အတွက် သတင်းမှာ ပိုမိုကျယ်ပြန့်လျက် ရှိကြောင်း သိရသည်။                     

Dates: 
Thursday, September 26, 2024 - 09:26