လွိုင်ကော်မြို့ ရေဘေးကူညီမှုများကို ထိန်းချုပ်ထားကြောင်း သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

လွိုင်ကော်မြို့ ရေဘေးကူညီမှုများကို ထိန်းချုပ်ထားကြောင်း သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၆

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ ရေဘေးကူညီထောက်ပံ့သည့် ပစ္စည်းများကို ထိန်းချုပ်ထားကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိ ရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ လွိုင်ကော်မြို့ ရေဘေးကူညီ ထောက်ပံ့ရေး လုပ်ငန်းစဉ်များကို လွိုက်ကော်မြို့ရှိ တာဝန်ရှိသူများက စနစ်တကျ ဆောင်ရွက်လျက် ရှိကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် လူမူရေးအဖွဲ့ အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ စေတနာရှင်/ အလှူရှင်များက လှူဒါန်းသည့် ထောက်ပံ့ရေးပစ္စည်းများကို အမှန်တကယ် လိုအပ်လျက်ရှိသည့် ရေဘေးသင့်ပြည်သူများထံသို့ နည်းလမ်းမျိုးစုံဖြင့် ပေးပို့လျက်ရှိကြောင်းနှင့် တရားမဝင် ပြည်ဖျက်မီဒီယာများက ထိုသို့ ရေဘေးကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေမှုများကို ပြည်သူများက အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသားပြီး ဝါဒဖြန့် နေကြာင်း၊ လွိုင်ကော်မြို့ ရေဘေးကူညီထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ  သိရှိရသည်။

Dates: 
Thursday, September 26, 2024 - 16:41