လက်ပံတန်းမြို့နယ်ရှိ ကျေးရွာများအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းများထောင်ထားသည်ဟု သတင်းတု၊ သတင်းအမှားများ လှုံ့ဆော်ရေးသား ဝါဒဖြန့်ဝေလျက်ရှိ
နေပြည်တော်၊ စက်တင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ ရေငံကျေးရွာအုပ်စုရှိ ကျေးရွာများအနီးပတ်ဝန်းကျင် တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းများထောင်ထားကြောင်းနှင့် စက်တင်ဘာ ၂၃ ရက်က တောင်ပေါ်စု ကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များထောင်ထားသည့် မိုင်းနင်းမိပြီး ပြည်သူ ၁ ဦး သေဆုံးခဲ့ ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများ လှုံ့ဆော်ရေးသား ဝါဒဖြန့် ဝေနေသည်ကိုတွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ လက်ပံတန်းမြို့နယ်မှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ရေငံကျေးရွာအုပ်စုရှိ ကျေးရွာများအနီးပတ်ဝန်းကျင်တွင် မိုင်းများထောင်ထား ခြင်းနှင့် တောင်ပေါ်စုကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထောင်ထားသည့် မိုင်းနင်းမိပြီး ပြည်သူ ၁ ဦး သေဆုံးခဲ့သည့်သတင်းမှာ မှန်ကန်မှုမရှိဘဲ PDF အမည်ခံအကြမ်းဖက်သမားများက လက်ပံတန်းမြို့နယ်ရှိ ကျေးရွာများကို လက်လုပ်လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ်ခြင်း၊ အများပြည်သူသွားလာအသုံးပြုသည့် လမ်းများ၊ နေအိမ်အဆောက်အဦများတွင် မိုင်းထောင်ဖောက်ခွဲ ခြင်းများကို မကြာခဏလုပ်ဆောင်လျက်ရှိသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည်ကို ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် တရားမဝင် ပြည်ဖျက်မီဒီယာများက လှုံ့ဆော်ရေးသား ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။