နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ဖွင့်လှစ်သော အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၇)သင်တန်းဆင်းပွဲ ကျင်းပ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ဖွင့်လှစ်သော အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၇)သင်တန်းဆင်းပွဲ ကျင်းပ

နေပြည်တော်၊ ၂၀၂၄ စက်တင်ဘာ ၂၇ ရက်

နယ်စပ်ဒေသဖွံ့ဖြိုးရေးအစီအစဉ်အရ တိုင်းရင်းသားအမျိုးသမီးငယ်များ၏ လူနေ မှုဘဝဖွံ့ဖြိုးတိုးတက်လာစေရန်၊ လူမှုစီးပွားဘဝတိုးတက်မြင့်မားလာစေရန်၊ အမျိုးသမီး များ အိမ်တွင်းမှုအသက်မွေးလုပ်ငန်းပညာများကို တတ်မြောက်ကျွမ်းကျင်ပြီး ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းများထူထောင်နိုင်သည်အထိ လုပ်ကိုင်နိုင်ရန်ရည်ရွယ်၍ နယ်စပ် ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ဖွင့်လှစ်သော အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၇)သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိအမျိုးသမီးအိမ်တွင်းမှုအသက်မွေးဝမ်းကျောင်း လုပ်ငန်း ပညာသင်တန်းကျောင်း၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းသူများနှင့် သင်တန်း နည်းပြဆရာမများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက သင်တန်းဆင်း အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူး က သင်တန်းတွင် ဆုရရှိသူများအား ဆုများအသီးသီးပေးအပ်ပြီး ကျောင်းအုပ် ဆရာမကြီးက သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။

ယင်းနောက်တိုင်းမှူးနှင့် တာဝန်ရှိသူများက သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ သင်တန်းခန်းမအတွင်း ခင်းကျင်းပြသထားသည့်  သင်တန်းသူ များ၏ အိမ်တွင်းမှု လက်ရာများကို   လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါသင်တန်းကို မေလ ၆ ရက်မှ ယနေ့အထိ သင်တန်းသူ ၃၀ ဦးဖြင့် ဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်း သတင်းရရှိသည်။

Dates: 
Friday, September 27, 2024 - 17:05