တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများဆက်လက်ယှဉ်ပြိုင်ကစား

တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများဆက်လက်ယှဉ်ပြိုင်ကစား

နေပြည်တော် စက်တင်ဘာ-၂၉

၂၀၂၄ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းတွင် သက် ဆိုင်ရာ အားကစားနည်းများအလိုက် သတ်မှတ်ထားသော အားကစားကွင်း/ရုံများတွင် ဆက်လက်ယှဉ်ပြိုင် ကစားကြသည်။

၂၀၂၄ခုနှစ် တပ်မတော်(ကြည်း၊ရေ၊လေ)အားကစားပြိုင်ပွဲများမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒိုင်း၊တပ်မတော်(ကြည်း၊ ရေ၊ လေ) ပြေးခုန်ပစ်ပြိုင်ပွဲကို ဇေယျာသီရိတပ်မတော်အားကစားကွင်း၌  အမျိုးသား/အမျိုးသမီး၂၀ ကီလိုမီတာလမ်းလျှောက်ပြိုင်ပွဲ ဗိုလ်လုပွဲ ၊အမျိုးသား ၁၀ မျိုးစုံမီတာ ၁၀၀ ပြေးပြိုင်ပွဲ ဗိုလ်လုပွဲ ၊ အမျိုးသား/အမျိုးသမီး မီတာ၄၀၀တန်းကျော်ပြေးပြိုင်ပွဲ လူရွေးပွဲ ၊အမျိုးသား ၁၀ မျိုးစုံ အလျားခုန်ပြိုင်ပွဲ ဗိုလ်လုပွဲ ၊ အမျိုးသား ၁၀ မျိုးစုံ သံလုံးပစ်ပြိုင်ပွဲ ဗိုလ်လုပွဲ၊အမျိုးသား/အမျိုးသမီး မီတာ၈၀၀ ပြေးပြိုင်ပွဲဗိုလ်လုပွဲ၊အမျိုးသား/အမျိုးသမီး မီတာ၂၀၀ ပြေးပြိုင်ပွဲ လူရွေးပွဲ၊ အမျိုးသား ၁၀ မျိုးစုံ တန်းမြင့် ခုန်ပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ ၄၀၀ တန်းကျော်ပြေးပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသား ၁၀ မျိုးစုံ မီတာ၄၀၀ ပြေးပြိုင်ပွဲ ဗိုလ်လုပွဲကိုလည်းကောင်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အမျိုးသား/အမျိုးသမီး ဂျူဒိုပြိုင်ပွဲကို ဇေယျာသိရိ ားကစားရုံ (A)တွင် အမျိုးသား /အမျိုး သမီး ကီလိုတန်းအလိုက် အတိုတ် ရှုံးထွက်ပွဲစဉ် များ၊ပတ်လည်ပွဲစဉ်များ၊ တတိယလုပွဲများနှင့်ဗိုလ်လု ပွဲစဉ်များကိုအသီးသီးယှဉ်ပြိုင်ကစားကြသည်။ ထိုနောက် အားကစား အမျိုးအစားအလိုက် ပထမ၊ ဒုတိယ၊ တတိယဆု  ရရှိသူများကို တပ်မတော်အရာရှိကြီးများနှင့် တပ်မတော် ဂျူဒိုကော်မတီမှ တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။

၂၀၂၄ခုနှစ် တပ်မတော်(ကြည်း၊ရေ၊လေ)အားကစားပြိုင်ပွဲများမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒိုင်း၊တပ်မတော်(ကြည်း၊ ရေ၊ လေ) မြန်မာ့သိုင်းပြိုင်ပွဲကို ဇေယျာသီရိအားကစားရုံ(C)၌ အမျိုးသား ဗန်တို အတိုက်ပြိုင်ပွဲ(က)တန်း၊အမျိုးသား ဗန်တိုအတိုက်ပြိုင်ပွဲ(ခ)တန်း၊ အမျိုးသားပန်ကြပ်ဆီးလပ် အတိုက်ပြိုင်ပွဲ (က)တန်း၊အမျိုးသားဓားနှစ်လက်အတိုက်ပြိုင်ပွဲ(က)တန်း၊ အမျိုးသား ဓားနှစ်လက် အတိုက်ပြိုင်ပွဲ(ခ)တန်း၊ အမျိုးသားဓားတစ်လက် အတိုက်ပြိုင်ပွဲ(က)တန်း၊ အမျိုးသားဓားတစ်လက် အတိုက်ပြိုင်ပွဲ(ခ)တန်း၊ အမျိုး သမီး ပန်ကြပ်ဆီးလပ်အတိုက်ပြိုင်ပွဲ၊အမျိုးသမီး ဓားတစ်လက် အတိုက်ပြိုင်ပွဲ၊လက်ထောက်နည်းပြ တစ်ကိုယ်တော်ဓားတစ်လက်ပညာစဉ် စွမ်းရည်ပြနှင့်အမျိုးသမီး တစ်ကိုယ်တော်ဓားတစ်လက်ပညာစဉ် စွမ်းရည်ပြ ပြိုင်ပွဲများကိုလည်းကောင်း၊ လက်ဝှေပြိုင်ပွဲကို နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေး စခန်းရှိ တပ်နယ်အားကစားခန်းမ၌ ကီလိုတန်းအလိုက် လူသစ်တန်းပြိုင်ပွဲ၊ က အဆင့်ပြိုင်ပွဲနှင့် အလွတ်တန်းပြိုင်ပွဲတို့၏ ဗိုလ်လုပွဲပြိုင်ပွဲ ပွဲစဉ်များကိုလည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားကြသည်။ 

အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလားဘောလုံးပြိုင်ပွဲကို ညနေပိုင်းတွင် လေ့ကျင့်ရေး ကွင်း(၁)၍ ဒုတိယအဆင့်အုပ်စုပတ်လည်ပွဲစဉ်အဖြစ် အလယ်ပိုင်းတိုင်းစစ်ဌာနချူပ် ကိုယ်စားပြုအသင်းနှင့် အနောက်တောင်တိုင်းစစ်ဌာနချူပ်ကိုယ်စားပြုအသင်းတို့ယှဉ်ပြိုင်ကစားကြရာအလယ်ပိုင်းတိုင်းစစ်ဌာနချူပ် ကိုယ်စားပြုအသင်းက အနောက်တောင်တိုင်းစစ်ဌာနချူပ် ကိုယ်စားပြုအသင်းအား ၆ ဂိုး၊  ၁ ဂိုးဖြင့် လည်း ကောင်း၊ ဇေယျာသီရိ တပ်မတော်အားကစားကွင်း၌ ဒုတိယအဆင့်အုပ်စုပတ်လည် ပွဲစဉ်အဖြစ် ကာကွယ်ရေး ဦးစီးချူပ်ရုံး(လေ)ကိုယ်စားပြုအသင်းနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု အသင်းတို့ ယှဉ်ပြိုင်ကစားရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းက ကာကွယ်ရေးဦးစီးချူပ်ရုံး(လေ) ကိုယ်စားပြုအသင်းအား   ၇ ဂိုး၊ ၁ ဂိုးဖြင့် အသီးသီးအနိုင်ရရှိခဲ့သည်။

အဆိုပါအားကစားပြိုင်ပွဲများသို့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက် ရောက် ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

Dates: 
Sunday, September 29, 2024 - 17:56