မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၅)တွင် ISPE အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့နိုင်ပွဲရရှိ
ရန်ကုန် မေ ၃၀
မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၅)အဖြစ် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၌ယှဉ်ပြိုင်ကစားခဲ့ရာ ISPE အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ နိုင်ပွဲကိုယ်စီရရှိခဲ့ကြကြောင်း သိရသည်။
မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၅)ပွဲစဉ်များအဖြစ် ယနေ့ညနေ ၃ နာရီ ၃၄ မိနစ်တွင် စလင်းအားကစားကွင်း၌ မြဝတီအသင်းနှင့် ISPE အသင်းတို့ကစားခဲ့ရာ ISPE အသင်းက ပိုမိုဖိအားပေးကစားနိုင်ခဲ့ပြီး ပွဲချိန် ၄၉ မိနစ်တွင် ယဉ်လွန်းအိမ်ကလည်းကောင်း၊ ပွဲချိန် ၇၅ မိနစ်နှင့် ၇၈ မိနစ်တွင် လင်းမြင့်မိုရ်ကလည်းကောင်း ISPE အသင်းအတွက် သွင်းဂိုးများ သွင်းယူပေးခဲ့ပြီး သုံးဂိုးဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
အလားတူ ညနေ ၄ နာရီတွင် ရန်ကုန်မြို့ ပဒုမ္မာအားကစားကွင်း၌ YREO အသင်းနှင့် ရန်ကုန်ယူနိုက်တက် အသင်းတို့ပွဲစဉ်တွင်လည်း ပုံစံကောင်းရရှိနေသည့် ရန်ကုန်ယူနိုက်တက်အသင်းက ဖိအားပေးကစားနိုင်ခဲ့ပြီး ပွဲချိန် မိနစ် ၃၀ တွင် အေးအေးစိုးက ကိုယ့်ဂိုးကိုယ် သွင်းယူခဲ့မိသည့်အတွက် ရန်ကုန်ယူနိုက်တက်အသင်းက ဦးဆောင်ဂိုးစတင်ရရှိခဲ့ပြီး ပွဲချိန် မိနစ် ၄၀ တွင် ယွန်းဝတီလှိုင်နှင့်ပွဲချိန် ၅၃ မိနစ်တွင် ဆွေမာအောင်တို့က ရန်ကုန်ယူနိုက်တက်အသင်းအတွက် ဦးဆောင်ဂိုးများ ထပ်မံသွင်းယူပေးနိုင်ခဲ့သည့်အတွက် ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက် အသင်းက သုံးဂိုးဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၅)အဖြစ် မေလ ၃၁ ရက်(ယနေ့) ညနေ ၄ နာရီ တွင် YUSC အားကစားကွင်း၌ ဧရာဝတီအသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ဆက်လက်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူအောင်