ညောင်လေးပင်မြို့နယ်ရှိ ကျေးရွာ ၂ ရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် ပြည်သူများ ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများ လှုံ့ဆော်ဝါဒဖြန့်ဝေလျက်ရှိ
နေပြည်တော်၊ အောက်တိုဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ စံဖဲကျေးရွာနှင့် သက္ကယ်ကုန်းကျေးရွာတို့တွင် စက်တင်ဘာ ၂၉ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာများ ရရှိ ခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လှုံ့ဆော်ဝါဒဖြန့်ဝေ နေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ ညောင်လေးပင်မြို့မှ လုံခြုံရေးတာဝန်ရှိသူတစ်ဦးထံ ဆက်သွယ် မေးမြန်းခဲ့ရာ ၎င်းသတင်းမှာ မှန်ကန်မှု မရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများ၏ သတင်းပေးပို့မှုနှင့် ရရှိသတင်းများအရ အကြမ်းဖက်သမားများ ခိုအောင်းနေထိုင်ရာ နေရာများကိုသာ တိတိကျကျ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းသာဖြစ်ပြီး အဆိုပါကျေးရွာများသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်း မရှိကြောင်း သိရှိရသည်။
ထိုသို့ အကြမ်းဖက်သမားများ ခိုအောင်းနေထိုင်ရာနေရာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့သည့်အတွက် အကြမ်းဖက်သမားများ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ကို တရားမဝင်ပြည်ဖျက် မီဒီယာများက ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများဖြင့် မဟုတ်မမှန် လုပ်ကြံရေးသားပြီး လှုံ့ဆော်ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။