(၁၁၈)ကြိမ်မြောက်ထုတ်ဝေသည့် ရုရှားနိုင်ငံ၏ နိုင်ငံရေး စာစောင်တစ်ခု ဖြစ်သည့်Politics Magazine တွင် ရုရှား- မြန်မာချစ်ကြည်ရေးအသင်း၏ ဥက္ကဋ္ဌ  Mr.Mikhail Dmitriev ရေးသားဖော်ပြထားသော   တောင့်တင်း ခိုင်မာသော တပ်မတော်သည် အမိမြေ ငြိမ်းချမ်းသာယာရေး၏ အာမခံချက်ဖြစ်သည

(၁၁၈)ကြိမ်မြောက်ထုတ်ဝေသည့် ရုရှားနိုင်ငံ၏ နိုင်ငံရေး စာစောင်တစ်ခုဖြစ်သည့် Politics Magazine တွင် ရုရှား- မြန်မာချစ်ကြည်ရေးအသင်း၏ ဥက္ကဋ္ဌ  Mr.Mikhail Dmitriev ရေးသားဖော်ပြထားသော   တောင့်တင်း ခိုင်မာသော တပ်မတော်သည် အမိမြေ ငြိမ်းချမ်းသာယာရေး၏ အာမခံချက်ဖြစ်သည်''ခေါင်းစဉ်ပါ  ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အကြောင်း ဆောင်းပါးအား ဘာသာပြန်ဆိုရေးသား ဖော်ပြခြင်း

......

ယမန်နေ့မှအဆက်

ဗမာနိုင်ငံခေါ်တွင်ခဲ့သော မြန်မာနိုင်ငံ၏လွတ်လပ် ရေးသည် မပျောက်ပျက်မဆုံးရှုံးစေရန် တာဝန်အရှိဆုံး ဖြစ်သော၊ ထိုမျှမက တိုက်ပွဲဝင်ကာ ရယူပေးခဲ့သော မြန်မာ့တပ်မတော်သည် လေးစားမှုတစ်ခုကိုရရှိထားပြီး ဖြစ်သလို တပ်မတော်သားတို့သည်လည်း မြန်မာနိုင်ငံ ပြည်သူလူထုအကြားတွင် လေးစားအားကျဖွယ်ဂုဏ်ပုဒ် ကိုပိုင်ဆိုင်ထားပြီးဖြစ်ပါသည်။  ထို့ကြောင့် ယုတ္တိဗေဒ ကျကျစဉ်းစားကြည့်မည်ဆိုလျှင် လွန်စွာပင်မြင့်မြတ် ကြီးလေးသည့်တာဝန်တစ်ခုဖြစ်သော အစိုးရလက်နက်ကိုင် အဖွဲ့အစည်းအားလုံး၏  အကြီးအကဲ ခေါင်းဆောင် ဖြစ်သည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရာထူးကို ရရှိရန်မှာ သာမန်ပြည်သူများအတွက်မဆိုထားနှင့်  တပ်မတော် သားများအတွက်ပင်   ခက်ခဲသည့်ဘဝ ခရီးလမ်းတစ်ခုဖြစ်ပါသည်။ ရုရှားနိုင်ငံတွင်အဆိုရှိသလို    ''လူသားက တွေးကြံသည်၊ ကံတရားကစီမံသည်''ဟူသော စကားအတိုင်း  စစ်မျိုးစစ်နွယ်မှ ပေါက်ဖွားလာခြင်း မဟုတ်သော မောင်မင်းအောင်လှိုင်သည်  ယခုလက်ရှိတွင် မြန်မာနိုင်ငံ၏  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တစ်ဦး ဖြစ်လာခဲ့ပါသည်။ မောင်မင်းအောင်လှိုင်ကို ၁၉၅၆ ခုနှစ်ဇူလိုင်လတွင်နာမည်ကျော် အနုပညာရှင် အင်ဂျင်နီ ယာ မိသားစုမှ မွေးဖွားသန့်စင်ခဲ့ပါသည်။ အထက်တန်းကျောင်း ပညာရေးကို ရန်ကုန်မြို့တွင်  အောင်မြင်စွာပြီး ဆုံးခဲ့ပြီး နောက် တက္ကသိုလ်တွင်  ဥပဒေပညာကို  ဆက်လက်ဆည်းပူးသင်ကြားခဲ့ပါသည်။   ကံတရားက လူငယ် မောင်မင်းအောင်လှိုင် အတွက်  တစ်ချိန်တွင် အစိုးရ ဥပဒေဝန်ထမ်း (သို့မဟုတ်) စီးပွားရေးလုပ်ငန်းရှင်အဖြစ်  ရွေးချယ်ခွင့် ပေးမည်ဖြစ်သော်လည်း မထင်မှတ်ထားသောရွေးချယ်မှုတစ်ခုအဖြစ် စစ်တက္ကသိုလ်သို့ ပြောင်းရွှေ့ ပညာသင်ကြားခဲ့ပါသည်။ စစ်တက္ကသိုလ်ကျောင်းဆင်း ဒုတိယဗိုလ်ဘဝတွင်လည်း မိဘဆွေမျိုးများ၏ အထောက် အပံ့ကို မယူဘဲ ဝေးလံခေါင်ဖျားသည့် ဒေသများတွင် ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ပါသည်။ ထိုအခြေအနေမှသည် တစ်လှမ်းချင်းလှမ်းကာ အောင်မြင်မှုလှေကားထစ်များကို ကျော်ခြင်းခွခြင်းအလျဉ်းမရှိ တစ်ထစ်ချင်း တက်လှမ်းကာ တပ်မတော်တွင် အမြင့်ဆုံးရာထူးဖြစ်သော  ကာကွယ်ရေးဦးစီးချုပ်အဖြစ် ရောက်ရှိလာ ခဲ့ခြင်းဖြစ်ပါသည်။                                                  

ဤနေရာတွင်   ကြားဖြတ်အနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးဖြစ်သူ Mr.N.A Listopadov ပြောကြားခဲ့ဖူးသည့် စကားချပ်တချို့ အား ကောက်နုတ်ဖော်ပြလိုပါသည်။

''မြန်မာနိုင်ငံသည် ပထဝီဝင်နိုင်ငံရေးအရ  လွန်စွာအရေးပါသောနေရာတွင် တည်ရှိ သည့်နိုင်ငံတစ်နိုင်ငံဖြစ် ပါသည်။ နိုင်ငံကြီး များဖြစ်သည့် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံ တို့အကြားတည်ရှိနေသလို တောင်အာရှ နှင့် အရှေ့တောင် အာရှနိုင်ငံတို့နှင့်လည်း ထိစပ်လျက်ရှိပြီး ကျယ်ပြန့်သောအိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ကမ်းခြေကို ပိုင်ဆိုင် ထားသည့်နိုင်ငံလည်းဖြစ်ပါသည်။ ရုရှားနှင့် မြန်မာဆက်ဆံရေးသည်လည်း ကြာရှည်စွာ တည်တံ့ခဲ့ပြီး ဖြစ်သလို     ရိုးရာမပျက်  မိတ်ကောင်းဆွေကောင်းဆက်ဆံရေးတစ်ခုဖြစ်ပါသည်။  အလားတူပင်   မြန်မာနိုင်ငံ အတွင်း ဖြစ်ပျက်နေသည့် အခြေအနေများ အပေါ် စိတ်ပါဝင်စားစွာ စောင့်ကြည့်နေသည့်နိုင်ငံများလည်း များစွာရှိ နေပါသည်။

ပထဝီဝင်အနေအထားအရ လမ်းဆုံလမ်းခွ နေရာတွင်ရှိနေသော မြန်မာနိုင်ငံအတွက်ဘာမဆိုဖြစ်လာနိုင်ပါသည်။  တရုတ်နှင့် အိန္ဒိယနိုင်ငံတို့အကြား ပေါင်းကူးတံတားတစ်ခုဖြစ်လာနိုင်သလို တောင်အာရှနှင့် အရှေ့တောင်အာရှ ကြား တွင် လည်း ဆုံမှတ် တစ်ခုဖြစ်လာနိုင်ပါသည်။    မြန်မာနိုင်ငံ အတွက် အထူးဂရုပြုရမည့်အချက်တစ်ချက် မှာ အင်အားချင်းယှဉ်ပြိုင်နေသော မဟာ ဗျူဟာမြောက် ပြိုင်ဘက်နိုင်ငံကြီးများ ဖြစ်ကြသည့် အမေရိကန်ပြည် ထောင်စု နှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံတို့အကြား ယှဉ်ပြိုင်မှု များအတွက် ကစားကွင်းတစ်ခုဖြစ်မသွားစေ ရန် သတိထား ရမည်ဖြစ်သလို အားပြိုင်မှု ရမှတ်တစ်မှတ်အဖြစ် အသုံးချမသွားစေရန်လည်း လိမ္မာပါးနပ်ရန် လိုအပ်နေပြီး ၎င်းတို့ ၏ဝင်ရောက်စွက်ဖက်မှု မခံရစေရေး အချုပ်အခြာအာဏာနှင့်လွတ်လပ်ရေးကို ကောင်းစွာ ထိန်းသိမ်း စောင့်ရှောက်ရန် လွန်စွာအရေးကြီး ပါသည်။''

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဘဝလမ်းကြောင်းတစ်လျှောက် ဖြတ်သန်းလာ ချိန်များသည် မြန်မာနိုင်ငံ အတွက် ကံတရား ပေါင်းမျိုးစုံနှင့် ရင်ဆိုင်နေခဲ့ရပြီး ပြည်တွင်း ပြည်ပအနှောင့်အယှက်ပေါင်းစုံ ရင်ဆိုင် ဖြေရှင်းရသည့်ကာလများကိုပင် ကြုံကြိုက် ခဲ့ဖူးသူတစ်ဦးလည်းဖြစ်ပါသည်။  ပြည်ပ နိုင်ငံများ၏အကူအညီဖြင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသတွင် အစ္စလာမ်မစ်အစွန်းရောက် လက်နက်ကိုင်သောင်းကျန်းသူများဖွဲ့စည်းပြီး မြန်မာနိုင်ငံ၏  အချုပ်အခြာအာဏာပိုင် နယ်နိမိတ်အတွင်းတွင် တည်ရှိသော  ပြည်နယ်တစ်ခုဖြစ်သည့် ရခိုင် ဒေသ၏ တည်ငြိမ်အေးချမ်းရေးကို နှောင့်ယှက် တိုက်ခိုက်ခြင်းများလည်း ခံခဲ့ရပါသည်။ ထိုအကြမ်းဖက် တိုက်ခိုက်မှု များသည် ဘာသာ ရေးအယူဝါဒများအပေါ်အခြေခံထားသည့် ပဋိပက္ခကိစ္စရပ်များဖြစ်သောကြောင့် ဒေသ တွင်းပြည်သူလူထု၏အခြေအနေကို တင်းမာစေရုံမျှမက မြန်မာနိုင်ငံအတွင်းတွင်ပင် မဟုတ်ဘဲ   ဘေးအိမ် နီး ချင်း နိုင်ငံများနှင့် အရှေ့တောင်အာရှဒေသတွင်း  တည်ငြိမ် အေးချမ်းရေးကိုပါ ထိပါးနှောင့်ယှက်လာ ခဲ့ပါသည်။       ထိုဖြစ်စဉ်များပေါ်တွင်  ခေါင်းပုံဖြတ်အမြတ်ထုတ်လိုသူများသည်  နိုင်ငံရေးအသွင်ဆောင်ကာ မြန်မာနိုင်ငံ၏ အတွင်းရေးကိစ္စများကိုပါ ဝင်စွက်ဖက် နှောင့်ယှက်ရန်ကြိုးပမ်းလာကြသလို အာရှ-ပစိဖိတ်ဒေသတွင်း  ကမ္ဘာ့နိုင်ငံ ရေးအခြေအနေများကိုပင် ပြောင်းလဲကြိုးကိုင် ခြယ်လှယ်လာခဲ့ကြပါသည်။

ယခုကဲ့သို့ နိုင်ငံရေး၊ စစ်ရေးအခြေအနေ တင်းမာမှုများကို ဉာဏ်ဆင်ဖန်တီးရခြင်း၏ ရည်ရွယ်ချက်မှာ လွန်စွာရိုးရှင်း လှပါသည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနယ်နိမိတ် အတွင်းဖြတ်ကျော်၍     အိန္ဒိယသမုဒ္ဒရာ အတွင်းသို့ လွယ်ကူသော ထွက်ပေါက်တစ်ခု ဖြစ်လာနိုင်မည့် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းနှင့်   ကူမင်း-ကျောက်ဖြူမီးရထား လမ်းစီမံကိန်းများကို    မလိုလားသည့် အင်အားစုတစ်ခုရှိနေ၍ဖြစ်ပါသည်။ ထိုအကြောင်းအရာနှင့်ဆက်စပ်ကာ ထပ်မံ သတိပြုရမည့်အချက်မှာ ဒီမိုကရေစီဟူသော ခေါင်းစဉ်ဖြင့် အရှေ့တောင်အာရှဒေသတွင်း တွင်သာမက   မြန်မာနိုင်ငံ အတွင်းတွင်ပါ နိုင်ငံရေးအပြောင်းအလဲများကို  မိတ်ဆွေအမည်ခံ   ပါဝင်ဆောင်ရွက်နေသူများဖြစ် သည့် အနောက်နိုင်ငံတချို့နှင့် အမေရိကန် ပြည်ထောင်စုတို့သည် အထက်ဖော်ပြပါ ဖြစ်စဉ်များတွင် မြန်မာပြည် အစိုးရ ကို လူသားချင်းစာနာထောက်ထားမှုမရှိကြောင်း အပြစ်တင်ရှုတ်ချသလို မြန်မာ့တပ်မတော် ကိုလည်း    မူဆလင်မျိုးနွယ်ဝင်များအပေါ် လူမျိုးတုံးသတ်ဖြတ်မှုများဆောင်ရွက်နေသဖွယ် ကမ္ဘာကထင်ယောင်ထင် မှားဖြစ် စေရန် လုပ်ကြံဖန်တီး အကွက်ဆင်လျက်ရှိနေပါသည်။ အမှန်တကယ်တွင် ဘာသာရေး အစွန်းရောက် လက်နက် ကိုင် သောင်းကျန်းသူ များ ပါဝင်ပတ်သက်နေသည့် ဒေသတွင်း လက်နက်ကိုင်ပဋိပက္ခများမှသည် ပြည်တွင်း စစ်အသွင်သို့ ကူးပြောင်းမသွားစေရန် ဒေသ တွင်းတည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်း ပေးထားသူမှာ   တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်   ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ခေါင်းဆောင်သော မြန်မာ့တပ်မတော်ပင် ဖြစ်ပါသည်။

မြန်မာ့သမိုင်းတွင် မူဆလင်-ရိုဟင်ဂျာ လူမျိုးများနှင့် ဒေသခံတိုင်းရင်းသားများအကြား ဘာသာရေးပဋိပက္ခများ သည် ကိုလိုနီခေတ်ကပင် စတင်ဖြစ်ပွားနေခဲ့ခြင်း ဖြစ်ပါသည်။ ထိုအချိန်အခါက အင်္ဂလိပ်တို့သည် လမ်းများ ဖောက် လုပ်ရာ တွင် အလုပ် ကြမ်းခိုင်းစေရန်အတွက် ယခုဘင်္ဂလားဒေ့ရှ် နိုင်ငံအဖြစ်တည်ရှိနေသောနေရာမှ ဒေသခံ မူဆလင်လူမျိုးများကို ကျေးကျွန်များအဖြစ် ထောင်နှင့်သောင်းနှင့်ချီကာ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း သို့ ခေါ်ဆောင်လာခဲ့ကြခြင်း ဖြစ်ပါသည်။  ကနဦးအစတွင် ထိုကျေးကျွန်များကို ၎င်းတို့နေရပ်သို့ပြန်ပို့ရန် အစီအစဉ် ရှိခဲ့ပါသည်။ သို့သော် နောက်ပိုင်းတွင် လက်တွေ့ဆောင်ရွက်ခြင်းမရှိဘဲ ရောက်သည့် နေရာတွင်ပင်ထား ခဲ့ ရာ ဒေသခံတိုင်းရင်း သားများနှင့် နယ်မြေခွဲဝေမှုပြဿနာများ ပေါ်ပေါက်လာခဲ့ပါသည်။ ယခုအခါ ထိုဒေသ များတွင် အနောက်နိုင်ငံများ၏အကူအညီ ဖြင့် ထိုရိုဟင်ဂျာအမည်ခံ ကျူးကျော်နေထိုင် သူတို့ကိုကာကွယ်ရန် ခေါင်းစဉ်ဖြင့် ARSA   ကဲ့သို့သော အကြမ်းဖက်အဖွဲ့အစည်းကိုပင် ဖွဲ့စည်းပြီး မြန်မာနိုင်ငံအစိုးရကို ဆန့်ကျင် တိုက်ခိုက်လျက်ရှိနေပါသည်။ ARSA  သည် ရုရှားလူမျိုးတို့အတွက်  ISIS  နှင့်  AlKaida အကြမ်းဖက်အဖွဲ့ များ လောက် ကြားဖူးနားဝ မရှိသော်လည်း  အကြမ်းဖက် ဆောင်ရွက်မှုများဆောင်ရွက်ရာတွင်  ၎င်းတို့ နည်းတူ ရက်စက် ကြမ်းကြုတ်သည့် အဖွဲ့ အစည်းတစ်ခုဖြစ်ပါသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် ထိုအချက်များ အားလုံးကို  ထည့်သွင်းစဉ်းစားကာ တိကျ ခိုင်မာသည့်    သမိုင်းကြောင်းအထောက် အထားများနှင့် အမှန်တကယ်ဖြစ်ပေါ်လာ နိုင်မည့်     ဘေးအန္တရာယ်ဆိုးကျိုးတို့ကို  ကြိုတင်တွက်ဆ၍   ဆောင်ရွက်ခဲ့သည့် အတွက်သာလျှင်  အစွန်းမရောက်သော ရလဒ်များဖြင့် ဒေသတွင်းတည်ငြိမ်အေးချမ်း ရေးကို တစ်ကမ္ဘာလုံး၏ ရှေ့တွင်  အတိုင်းအတာတစ်ခုထိ  ထိန်းသိမ်းထားနိုင်ခြင်း ဖြစ်ပါသည်။ ထိုအတွေး၊ ထိုအမြင်၊ ထိုအရည် အချင်းများသည် ဤမျှအင်အားတောင့်တင်းသော တပ်မတော်နှင့်  များပြားခြားနားလှသော   လူမျိုးပေါင်းစုံ စုစည်း နေထိုင်ရာ ပြည်ထောင်စုတစ်ခုကို အုပ်ချုပ်သူအတွက် မဖြစ်မနေလိုအပ်မည့် အခြေခံ အချက်များပင် ဖြစ်ပါသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံနှင့်     စစ်ဘက်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးကို အလေးပေးသူ တစ်ဦးဖြစ်ပါသည်။ ၎င်းတာဝန်ထမ်းဆောင်စဉ် ကာလအတွင်းမှာပင် မြန်မာ့တပ်မတော်မှ အရာရှိ သင်တန်းသား ပေါင်း ၇ဝဝဝ ကျော် သည် ရုရှားနိုင်ငံတက္ကသိုလ်အသီးသီးတွင် အဆင့်မြင့်ပညာများ အောင်မြင်စွာ သင်ယူ ဆည်းပူးနိုင်ခဲ့ကြပါသည်။ မြန်မာနိုင်ငံတွင်း ရှုပ်ထွေးလှသည့်နိုင်ငံရေးနှင့်စစ်ရေးအခြေ အနေတို့အတွက်      မရှိမဖြစ်လိုအပ်သော ခေတ်မီစစ်လက်နက်ပစ္စည်းများကိုလည်း ရုရှားနိုင်ငံမှ ယုံကြည်စိတ်ချစွာအစဉ်အမြဲ ဝယ်ယူလျက်ရှိပါသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သော    မြန်မာ့ တပ်မတော်ကိုယ်စားလှယ် အဖွဲ့သည် ရုရှား နိုင်ငံ မော်စကိုမြို့ ရင်ပြင်နီတွင်ကျင်းပပြုလုပ် ခဲ့သည့် (၇၅)နှစ်မြောက် မဟာအောင်ပွဲ အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။ ထိုမျှမက ရုရှား နိုင်ငံနှင့်မြန်မာနိုင်ငံကြားတွင် ယဉ်ကျေးမှု ရိုးရာအမွေအနှစ်နှင့် ဘာသာသာသနာ ထွန်းကားပြန့်ပွားရေး အတွက်လည်း စွမ်းစွမ်း တမံဆောင် ရွက်ခဲ့ ရာ မော်စကိုမြို့အနီး ဘာလာရှိခါအရပ်တွင် တည်ထောင်ခဲ့သော ထေရဝါဒဗုဒ္ဓ စင်တာကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင်ပင် ကြီးမှူးဖွင့်လှစ် ပေးနိုင်ခဲ့ပါသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ထိုစင် တာ နှင့် ပတ်သက်၍ ''ဗုဒ္ဓဘာသာဆိုတာ အလွန် ရှေးကျတဲ့အယူဝါဒတစ်ခု အလွန်ရှေးကျတဲ့ အတွေးအခေါ်ပညာ တစ်ခုပဲဖြစ်တယ်။

ဗုဒ္ဓဘာသာဟာ   မေတ္တာတရားကိုအခြေခံ ထားတဲ့ ဘာသာတရားဖြစ်တဲ့အတွက် ရုရှား လူမျိုးတွေအနေနဲ့လည်း ဒီဗုဒ္ဓစင်တာဖွင့်တာ နှင့်ပတ်သက်၍ လက်မခံနိုင်စရာအကြောင်း မရှိဘူးလို့ ကျွန်တော်ထင်တယ်။ ဒီဗုဒ္ဓစင်တာ မှာ ဘုရားဝတ်ပြုလို့ရမယ်၊   ရဟန်းခံလို့ ရမယ်၊ မေတ္တာတရား၊ ခင်မင်ရင်းနှီးမှုနှင့် တစ်ဦးအပေါ်တစ်ဦး လေးစားမှုတွေကို လေ့လာခွင့်ရမှာဖြစ်ပါတယ်''ဟု ဖြေကြား ခဲ့ဖူးပါသည်။

ထိုမေတ္တာတရား၊ ခင်မင်ရင်းနှီးမှုနှင့် တစ်ဦးအပေါ်တစ်ဦး လေးစားမှုဟူသော အချက်သုံးချက်သည်ပင်လျှင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ဘဝဒဿနဖြစ်ဟန်တူပါသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အမှန် တကယ်ပင်   အခြားကိုးကွယ်ရာ ဘာသာတရားများကိုလည်း  လေးစားသူ တစ်ဦးဖြစ်သလို လူမျိုးပေါင်းစုံ တိုင်းရင်းသား ပေါင်းစုံနှင့်လည်း အတူယှဉ်တွဲနေထိုင်နိုင်သူ တစ်ဦးဖြစ်ပါသည်။   ထို့ပြင်  မိမိနိုင်ငံ ငြိမ်းချမ်း သာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေး တို့ကို စေတနာအပြည့်ဖြင့်ဆောင်ရွက်ရင်း တပ်မတော်၏ အခန်းကဏ္ဍကို    မြှင့်တင် ပေးလျက်ရှိပါသည်။    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်   မိန့်ကြားဖူးသည့် စကား တချို့ကို ကောက်နုတ် ဖော်ပြလိုပါသည်။

''ခိုင်မာတောင့်တင်းသောတပ်မတော် ရှိမှသာလျှင် ၎င်း၏စွမ်းဆောင်ရည်နှင့် ရဲစွမ်းသတ္တိကို မှန်မှန်ကန်ကန် အသုံး ချပြီး  ဖြစ်ပေါ်နေတဲ့ ပြည်တွင်းမငြိမ်မသက် မှုတွေကို အပြီးတိုင်ရပ်တန့် ပေးနိုင်မှာဖြစ်သလို နားလည်ရ လွယ်ကူရိုးရှင်းပြီး တစည်းတလုံးတည်း စုပေါင်းညီညာစွာ ချမှတ်ထားသော ရည်မှန်းချက် ၃ ရပ်ဖြစ်သည့် တစ်နိုင်ငံ လုံး အတိုင်းအတာဖြင့်     ပကတိငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေး၊  တောင့်တင်းခိုင်မာ သော  စီးပွားရေး တည်ဆောက်နိုင်ရေးနှင့် နိုင်ငံအတွင်း  နေထိုင်ကြသောမိသားစု အားလုံး လူသားတစ်ဦး တစ်ယောက်စီ တိုင်း၏ လူနေမှု အဆင့်အတန်းကို မြှင့်တင်ပေး နိုင်ရေးတို့အား အောင်မြင်စွာအကောင် အထည်ဖော်နိုင် မှာဖြစ်ပါတယ်။ ကျွန်တော်တို့ အနေဖြင့်   နားလည်ထားရမှာက   ကမ္ဘာ ပေါ်က    ဘယ်တိုက်  ဘယ်နိုင်ငံမှာ ဖြစ်ပါစေ နိုင်ငံတစ်နိုင်ငံ၏ တောင့်တင်းခိုင်မာသော တပ်မတော်သည်   ထိုနိုင်ငံငြိမ်းချမ်းသာယာ ရေး၏      အာမခံချက်ဖြစ်သည် ဟူသော အချက်ပဲဖြစ်ပါတယ်''။  ။ 

မြဝတီ