အမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲတွင် ချယ်လ်ဆီးအမျိုးသမီးအသင်းကိုအနိုင်ရရှိပြီး ဘာစီလိုနာအမျိုးသမီးအသင်း လေးကြိမ်ဆက် ဗိုလ်လုပွဲတက်ရောက်
၂၀၂၃-၂၀၂၄ ဘောလုံးရာသီ အမျိုးသမီးချန်ပီယံ လိဂ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့် ဒုတိယအကျော့ပွဲစဉ် အဖြစ် ချယ်လ်ဆီးအမျိုးသမီးအသင်းနှင့် ဘာစီလိုနာ အမျိုးသမီးအသင်းတို့ပွဲစဉ်တွင် ဘာစီလိုနာအမျိုးသမီးအသင်းက ၂ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီး လေးကြိမ်ဆက် ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။
ချယ်လ်ဆီးအမျိုးသမီးအသင်းနှင့် ဘာစီလိုနာအမျိုးသမီးအသင်းတို့သည် ပထမအကျော့တွင် ချယ်လ်ဆီးအမျိုးသမီးအသင်းက ၁ ဂိုး-ဂိုးမရှိဖြင့်အနိုင်ရရှိပြီး ဒုတိယအကျော့တွင် ဘာစီလိုနာအမျိုးသမီးအသင်းက ၂ ဂိုး-ဂိုးမရှိဖြင့်အနိုင်ရရှိကာ နှစ်ကျော့ပေါင်းရလဒ် ၂ ဂိုး-၁ ဂိုးဖြင့် ဘာစီလိုနာအမျိုးသမီးအသင်းက အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ဘာစီလိုနာအမျိုးသမီးအသင်းသည် အမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီက ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့ပြီး ၂၀၂၁-၂၀၂၂ ဘောလုံးရာသီက ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့သော်လည်း လိုင်ယွန်အမျိုးသမီးအသင်းကိုရှုံးနိမ့်သည့်အတွက် ဒုတိယဆုဖြင့်သာကျေနပ်ခဲ့ရကာ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီက ဝုဖ်ဘတ်အမျိုးသမီးအသင်းကိုအနိုင်ရရှိပြီး ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။
ဘာစီလိုနာအမျိုးသမီးအသင်းသည် ဗိုလ်လုပွဲစဉ် တွင် လိုင်ယွန်အသင်းနှင့် ပီအက်စ်ဂျီအသင်းတို့မှ အနိုင်ရရှိမည့်အသင်းနှင့် မေလ ၂၅ ရက်တွင် ယှဉ်ပြိုင် ကစားရမည်ဖြစ်ကြောင်း သိရသည်။
Ref;Fotmob.com