ခိုလမ်မြို့ ပြည်သူ့ဆေးရုံသို့ အာဟာရဖြည့် စားသောက်ဖွယ်ရာများ လှူဒါန်း

နေပြည်တော်  ဒီဇင်ဘာ  ၁၄

ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေး ဌာနများ၌ ဆေးရုံတက်ရောက် ကုသမှုခံယူနေသူများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများ အာဟာရပြည့်ဝစေရန်နှင့် ကျန်းမာ ကြံ့ခိုင်စေရန်အတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများမှ လှူဒါန်းသည့် အာဟာရဖြည့်စွက်စာများကို တိုင်းစစ်ဌာန ချုပ်များအလိုက် တပ်မတော်သားများက သွားရောက်ပေးအပ် လှူဒါန်းလျက်ရှိရာ ယနေ့တွင်  ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ ပြည်သူ့ဆေးရုံသို့ အရှေ့အလယ် ပိုင်းတိုင်းစစ်ဌာနချုပ်၊   ခိုလမ်တပ်နယ်မှ တာဝန်ရှိသူများက သွားရောက်၍ တပ်မ တော်စက်ရုံ အသီးသီးမှ ထုတ်လုပ်သော အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် တပ်ရင်း/တပ်ဖွဲ့အသီးသီးမှ ထွက်ရှိသော  စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်း ခဲ့ကြကြောင်း သတင်းရရှိသည်။