တာချီလိတ်- မိုင်းတွမ်း- မိုင်းဆတ် မြို့သွား ပြည်ထောင်စုလမ်းမပေါ်ရှိ နမ့်ခုတ်ချောင်းကူး နမ့်ခုတ်ငြိမ်းချမ်းရေး(ဆိုက်ခေါင်) သံကူကွန်ကရစ်တံတား ပျက်စီးမှုများ သွားရောက်ကြည့်ရှု
နေပြည်တော်၊ ၂၀၂၄ အောက်တိုဘာလ ၃ ရက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နမ့်ခုတ်ချောင်းရေမြင့်တက်လာပြီး တာချီလိတ်-မိုင်းတွမ်း-မိုင်းဆတ် မြို့သွား ပြည်ထောင်စုလမ်းမပေါ်ရှိ မိုင်းဆတ်မြို့အဝင် အရှည် ၃၂၈ ပေ၊ အကျယ် ၃၀ ပေရှိသည့် နမ့်ခုတ်ချောင်းကူး နမ့်ခုတ်ငြိမ်းချမ်းရေး(ဆိုက်ခေါင်) သံကူကွန်ကရစ် တံတားမှာ ၁၃၀ ပေခန့် ရေစီးနှင့် မျောပါပျက်စီးသွားခဲ့ရသည်။
ပျက်စီးသွားခဲ့သည့် တံတားအပေါ်တွင် ပေ ၁၅၀ အရှည်ရှိ နှစ်လွှာ တစ်ထပ်ဘေလီတံတားအား ဒေသခံပြည်သူများ အဆင်ပြေလွယ်ကူစွာ သွားလာ နိုင်ရေးအတွက် တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့ ၁၂ က တာဝန်ယူဆောင်ရွက် ပေးလျက်ရှိပြီး အောက်တိုဘာလ ဒုတိယပတ်ကုန်အပြီးတွင် အမြန်ဆုံး ပြီးစီးနိုင်ရေး နေ့/ည မပြတ် ဆောင်ရွက်ရှိသည်။
ထိုသို့ တံတားပြင်ဆင်နေမှုများကို အောက်တိုဘာ ၂ ရက် နံနက်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။