ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေ တေးဂီတဖျော်ဖြေပွဲ ကျင်းပမည်

 

ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေ တေးဂီတဖျော်ဖြေပွဲ ကျင်းပမည်

 

ရန်ကုန် အောက်တိုဘာ ၄

    ရာဂိတိုင်ဖွန်းမုန်တိုင်း၏ ရိုက်ခတ်မှုကြောင့် စက်တင်ဘာလ အတွင်းဖြစ်ပေါ်ခဲ့သည့်   ရေကြီးရေလျှံမှု သဘာဝ ဘေးအန္တရာယ်ကြောင့်  ရေဘေးသင့်ပြည်သူများ အတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင်   ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် အောက်တိုဘာလ ၁၁ ရက်၌ ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံကြီး၌ နိုင်ငံကျော် အဆိုတော်များဖြင့်   ရန်ပုံငွေတေးဂီတ ဖျော်ဖြေပွဲကြီးကို စည်ကား သိုက်မြိုက်စွာ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဂီတ အစည်းအရုံး(ဗဟို)မှ ဦးစီးကျင်းပမည့် “ကူညီကမ်းဆက် ဂီတလက်ဖြင့်” ရေဘေးသင့်ဒေသများ ပြန်လည် ထူထောင်ရေး ရန်ပုံငွေဂီတ ဖျော်ဖြေပွဲ အစီအစဉ်တွင် တေးသံရှင် ကိုင်ဇာ၊  မျိုးကျော့မြိုင်၊    စည်သူလွင်၊ ဂရေဟမ်၊ ကောင်းဆက်၊ ဇော်ပိုင်၊ ပူစူး၊ နောနော်၊  အောင်လ၊  သာဒီးလူ၊   ဝန၊ အောင်ထက်၊   L ဆိုင်းဇီ၊   နီနီခင်ဇော်၊ ရတနာမိုင်၊ ပိုပို၊ ပန်းရောင်ခြယ်၊ ယွန်းမြတ်သူ၊ ဇွဲပြည့်၊ ဆိုင်စံနှင့် နေမင်းအိမ်တို့က မြူးကြွလန်းဆန်းသော တေးသီချင်းတို့ဖြင့် ဖျော်ဖြေသွားမည်ဖြစ်သည်။

အဆိုပါ ရန်ပုံငွေပွဲတွင်   ပါဝင်လှူဒါန်းကြည့်ရှုနိုင်ရန် လက်မှတ်များကို Junction City(ဗိုလ်ချုပ်လမ်း) ၄ လွှာ Music Box ၊  Junction Square(Secret Garden) ပြည်လမ်း Music Box ၊ အလုံလမ်းနှင့်ပြည်လမ်းထောင့်ရှိ Yangon International Hotel Music Box ၊ တာမွေမြို့နယ်ရှိ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)ရုံး၊ အမျိုးသား ကဇာတ်ရုံတို့၌ (ရုံးချိန်အတွင်း) နှင့် Online မှ K Pay ဖြင့်   ၀၉ ၂၅၂၈၀၄၃၀၈ သို့ လက်မှတ် တစ်စောင်လျှင်‌ ငွေကျပ် ၂၀၀၀၀၊ ၃၀၀၀၀၊ ၅၀၀၀၀  နှုန်းဖြင့်  ဝယ်ယူနိုင်ကြောင်း သိရသည်။

Dates: 
Saturday, October 5, 2024 - 05:50