တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်ကစား
နေပြည်တော်၊ အောက်တိုဘာ ၅
၂၀၂၄ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲများကို သက်ဆိုင်ရာ အားကစား နည်းများအလိုက် သတ်မှတ်ထားသော အားကစားကွင်း/ရုံများတွင် ဆက်လက်ယှဉ်ပြိုင်ကစားကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား ဘောလုံးပြိုင်ပွဲကို ယနေ့ညနေပိုင်းတွင် ဇေယျာ သီရိ တပ်မတော် အားကစားကွင်း၌ အကြိုဗိုလ်လုပွဲစဉ်အဖြစ် ရန်ကုန်တိုင်းစစ်ဌာန်ချုပ် ကိုယ်စားပြုအသင်းနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းက နေပြည်တော်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းအား ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းက ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းတို့ ဗိုလ်လုပွဲယှဉ်ပြိုင်သွားမည်ဖြစ် သည်။
၂၀၂၄ ခုနှစ် တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများဖြစ်သည့် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ဖလား တပ်မတော်(ကြည်း၊ ရေ၊ လေ) တိုက်ကွမ်ဒိုပြိုင်ပွဲကို ဇေယျာသီရိအားကစားရုံ (A) တွင် ကကွက်ပြိုင်ပွဲ၊ ဝိတ်တန်းအလိုက်အတိုက်ပြိုင်ပွဲကို အသီးသီးယှဉ်ပြိုင်ကစားပြီး အားကစားအမျိုးအစား အလိုက် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို တပ်မတော်အရာရှိကြီးများနှင့် တပ်မတော် တိုက်ကွမ်ဒို ကော်မတီမှ တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ထို့ပြင်တပ်မတော်(ကြည်း၊ ရေ၊ လေ) အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကို ဇေယျာသီရိ အားကစားရုံ (B)တွင် အမျိုးသားကွာတားအဆင့် ပတ်လည်ပွဲစဉ်များကိုလည်းကောင်း၊ မြန်မာ့သိုင်းပြိုင်ပွဲကို ဇေယျာသီရိအားကစားရုံ(C)၌ လည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) ပိုက်ကျော်ခြင်းပြိုင်ပွဲကို စစ်ကြောရေးနှင့်တည်းခိုရေးစခန်းရှိ တပ်နယ်အားကစားရုံ၌ လည်း ကောင်း အသီးသီးယှဉ်ပြိုင်ကစားကြသည်။
အဆိုပါအားကစားပြိုင်ပွဲများကို ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ် သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။