အက်စ်တွန်ဗီလာအသင်းနှင့် သရေရလဒ်ကြောင့် နှစ်ပေါင်း ၃၅ နှစ်အတွင်း အဆိုးရွားဆုံး ရာသီအစ မှတ်တမ်းဆိုးတစ်ရပ်ကို မန်ယူအသင်း ပြန်လည်ပိုင်ဆိုင်

 

 

အက်စ်တွန်ဗီလာအသင်းနှင့် သရေရလဒ်ကြောင့် နှစ်ပေါင်း ၃၅ နှစ်အတွင်း အဆိုးရွားဆုံး ရာသီအစ မှတ်တမ်းဆိုးတစ်ရပ်ကို မန်ယူအသင်း ပြန်လည်ပိုင်ဆိုင်

 

မန်ချက်စတာ  အောက်တိုဘာ  ၇

    ပရီးမီးယားလိဂ်ပြိုင်ပွဲ   ပွဲစဉ် (၇) အဖြစ်    ကစားသည့် အက်စ်တွန်ဗီလာအသင်းနှင့် မန်ယူအသင်းတို့ ပွဲစဉ်တွင်   ဂိုးမရှိသရေရလဒ် ထွက်ပေါ်ပြီးနောက် မန်ယူအသင်းအနေဖြင့်  နှစ်ပေါင်း  ၃၅  နှစ်အတွင်း အဆိုးရွားဆုံး    ရာသီအစ မှတ်တမ်းဆိုးတစ်ရပ်ကို ပြန်လည်ပိုင်ဆိုင်ခဲ့ကြောင်း သိရသည်။

ယခုဘောလုံးရာသီတွင် ရလဒ်ပိုင်းမတည်ငြိမ်မှုများနှင့် ရုန်းကန်နေရသည့် မန်ယူအသင်းသည် အက်စ်တွန်ဗီလာ အသင်းနှင့်ကစားသော  ပွဲစဉ်တွင် သရေရလဒ် ထွက်ပေါ်ခဲ့မှုကြောင့်  ပရီးမီးယားလိဂ်ပြိုင်ပွဲတွင်  ရမှတ်ရှစ်မှတ်သာ ရရှိပြီးနောက် အသင်း သမိုင်းတစ်လျှောက် နှစ်ပေါင်း ၃၅ နှစ်အတွင်း အဆိုး ရွားဆုံး ရာသီအစမှတ်တမ်းဆိုး တစ်ရပ်ကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းသည် ယခုဘောလုံးရာသီတွင် ရာသီအစ ခုနစ်ပွဲကစားပြီးချိန်တွင် ဖူလ်ဟမ်အသင်း နှင့် ဆောက်သမ်တန် အသင်းတို့ကိုသာ အနိုင်ရရှိပြီး ဘရိုက်တန်အသင်း၊ လီဗာပူးအသင်း၊ စပါးအသင်း တို့ကို ရှုံးနိမ့်ခဲ့ကာ အက်စ်တွန်ဗီလာ အသင်း၊ ခရစ္စတယ် ပဲလေ့စ်အသင်းတို့နှင့်  သရေရလဒ် ထွက်ပေါ်ပြီး နှစ်ပွဲနိုင်၊ နှစ်ပွဲသရေ၊ သုံးပွဲရှုံး ရမှတ် ရှစ်မှတ်သာရရှိခဲ့ သည့်အတွက် နှစ်ပေါင်း ၃၅ နှစ်အတွင်း ရာသီအစ ခုနစ်ပွဲကစားပြီးချိန်  ရမှတ်အနည်းဆုံး မှတ်တမ်းဆိုးကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းသည်  ၁၉၈၉-၁၉၉၀ ဘောလုံးရာသီ က ရာသီအစ ခုနစ်ပွဲကစားပြီးချိန်တွင် ခုနစ်မှတ်ရရှိခဲ့ ပြီးနောက်ပိုင်း နှစ်ပေါင်း  ၃၅ နှစ်အကြာတွင် ခုနစ်ပွဲ ကစားပြီး ရမှတ်အနည်းဆုံး ရာသီအဖြစ် မှတ်တမ်းဆိုး တစ်ရပ်ကို ပြန်လည်ရရှိခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းသည် ယခုဘောလုံးရာသီတွင် ရလဒ်ပိုင်းမတည်ငြိမ်မှုများကြောင့် နည်းပြတန်ဟတ် အနေဖြင့်လည်း အနာဂတ်မရေမရာဖြစ်ပေါ်နေပြီး နောက်ဆုံးကစားသည့်   ပရီးမီးယားလိဂ်ပွဲစဉ် သုံးပွဲဆက်နိုင်ပွဲ ပျောက်ဆုံးနေသကဲ့သို့ ယူရိုပါလိဂ်ပြိုင်ပွဲ တွင်လည်း နိုင်ပွဲမရရှိသေးဘဲ နှစ်ပွဲသရေရလဒ် ထွက်ပေါ်ထားသည်။

လက်ရှိတွင်   မန်ယူအသင်းသည် ပရီးမီးယားလိဂ် ပွဲစဉ်ခုနစ်ပွဲ ကစားပြီးချိန်   သွင်းဂိုး ငါးဂိုးသာရရှိထားသည့်အတွက် ဆောက်သမ်တန် အသင်းပြီးလျှင် သွင်းဂိုး အနည်းဆုံး အသင်းအဖြစ် ရပ်တည်နေကြောင်း သိရသည်။

Dates: 
Tuesday, October 8, 2024 - 07:32