COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ဒေသခံတောင်သူများရောင်းချရန် အခက်အခဲ ဖြစ်ပေါ်လျက်ရှိသည့် ရာသီသီးနှံများကို တပ်မတော်က ဆက်လက်ဝယ်ယူ

နေပြည်တော်၊ ဒီဇင်ဘာ - ၁၅
    
COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ကူးသန်းသွားလာမှုများရပ်ဆိုင်းကာ သီးနှံများ ဝယ်ယူသူနည်းပါးပြီး ဒေသခံတောင်သူများအနေဖြင့် ရောင်းချရန်အခက်အခဲဖြစ်ပေါ်၍ သီးနှံများပျက်ဆီးဆုံးရှုံးနိုင်သည့်အခြေအနေများဖြစ်ပေါ်နေသောကြောင့် နယ်မြေခံတပ်မတော် သားများက စိုက်ခင်းများသို့ သွားရောက်၍ ဒေသခံတောင်သူများ ရောင်းချပေးနိုင်သည့် ဈေးနှုန်းဖြင့် ရာသီသီးနှံများကို ဝယ်ယူပေးလျက်ရှိသည်။    
ထိုသို့ဝယ်ယူပေးလျက်ရှိရာ ယနေ့တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယ မြို့နယ်၊ ပွေးလှကျေးရွာရှိ ဒေသခံတောင်သူများ၏ စိုက်ခင်းများသို့ သွားရောက်၍ ဂေါ်ဖီထုပ် ၂၀၀၀ ထုပ်ကို ဒေသခံတောင်သူများ ရောင်းချ ပေးနိုင်သည့် ဈေးနှုန်းဖြင့်  ထပ်မံဝယ်ယူပေး ပြီး အဆိုပါဂေါ်ဖီထုပ်များကို ယနေ့နေ့လယ်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား COVID-19 ရောဂါ ဖြစ်ပွား နေသည့် ကာလအတွင်း စားရေးအဆင်ပြေစေရန်အတွက် အိမ်တိုင်ရာရောက် အခမဲ့လိုက်လံ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။