၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ

၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော်  ဖေဖော်ဝါရီ  ၂၉

၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်း ဒေသကြီး ဘိလိယက်နှင့်စနူကာ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစား ကွင်းရှိ ဘိလိယက်နှင့် စနူကာ အားကစားပြိုင်ပွဲရုံ၌ ကျင်းပသည်။

ယနေ့ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် Snooker 15 Red ပြိုင်ပွဲ၊ 9  Ball  Pool  Men Single  ပြိုင်ပွဲ၊ 9 Ball Pool Women Double ပြိုင်ပွဲတို့အား  ယှဉ်ပြိုင်ကစားခဲ့ပြီး  ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် Billiard Double Final ပြိုင်ပွဲ၊  9 Ball Pool Men Double ပြိုင်ပွဲ၊ 9 Ball Pool Women Double ပြိုင်ပွဲ၊ Snooker   15 Red ပြိုင်ပွဲ ပွဲစဉ်များကို အသီးသီးယှဉ်ပြိုင်ကစားခဲ့သည်။

အဆိုပါပြိုင်ပွဲသို့ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယ ဝန်ကြီးများနှင့်တာဝန် ရှိသူများ၊ မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာ အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးခဲ့သည်။

၂၀၂၄  ခုနှစ်  မတ်လ  ၁  ရက်(ယနေ့) နံနက် ၉ နာရီမှစတင်၍ ၂၀၂၃- ၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသ ကြီး ဘိလိယက်နှင့် စနူကာ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် Snooker 15 Red Single Men ပြိုင်ပွဲ၊ Snooker 6 Red Single Men ပြိုင်ပွဲ၊ 9 Ball Pool  Men  Single  ပြိုင်ပွဲ၊ 9 Ball Pool Women Single ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားအား ဆက်လက် ကျင်းပသွားမည်ဖြစ်ပြီး အားကစား ဝါသနာရှင်များအနေဖြင့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။

ကျော်လွင်(မြဝတီ)

Dates: 
Wednesday, October 9, 2024 - 05:14