(YMBA) ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)မှ မဟာမင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းခံရသော(YMBA) ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (မွန်ပြည်နယ်)မှ သြဝါဒါစရိယ ဆရာတော်ကြီးများအား ဘွဲ့တံဆိပ်တော်ဆက်ကပ်ခြင်းနှင့် သြဝါဒခံယူခြင်းမင်္ဂလာ ကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ - ၁၅    
ဂေါတမမြတ်စွာဘုရား၏ အံ့ဖွယ်ရှစ်ဖြာသာသနာတော်သုံးရပ်ကို တိုးတက်ထွန်းကား ပြန့်ပွားစေရန် ရည်ရွယ်လျက် မင်္ဂလာတရားတော်နှင့် မဟာဗုဒ္ဓဝင်သင်ကြားပို့ချရေးတွင် နှစ်ပေါင်းများစွာတိုင်အောင် စေတနာ၊ ဝါသနာ၊ အနစ်နာခံ၍ သာသနာတော်အကျိုးကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သဖြင့် (YMBA) ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)မှ မဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းခံရသော(YMBA) ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း(မွန်ပြည်နယ်)မှ သြဝါဒါစရိယ ဆရာတော်ကြီးများအား ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းနှင့် သြဝါဒခံယူခြင်းမင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြစေတီစာသင်တိုက်၌ ပြုလုပ်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်ခြင်းခံရသော သြဝါဒါစရိယ ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များ၊ (YMBA) ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)ဥက္ကဋ္ဌ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဦးရဲထွန်း၊ (YMBA) ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (မွန်ပြည်နယ်)ဥက္ကဋ္ဌ ဦးဇော်လင်းထွန်း နှင့် အသင်းဝင်များ၊ အလှူရှင်များ တက်ရောက်ကြသည်။    
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မော်လမြိုင်မြို့၊ မြစေတီစာသင်တိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိ ထံမှ ငါးပါးသီလခံယူဆောက် တည်ကြပြီး (YMBA) ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)ဥက္ကဋ္ဌ က ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းလျှောက်ထားသည်။    
ထို့နောက် မဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းခံရသော (YMBA) ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (မွန်ပြည်နယ်)မှ သြဝါဒါစရိယ ဆရာတော်ကြီး ၅ ပါးအား တိုင်းမှူး၊ (YMBA) ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို)ဥက္ကဋ္ဌ နှင့် တာဝန် ရှိသူများက ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ကြသည်။    
ဆက်လက်၍ မွန်ပြည်နယ်အတွင်းရှိ (၁၀)မြို့နယ် (YMBA) ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်းများမှ အသင်းဝင်အဆိုပါပြုလွှာများအား (YMBA) ဗုဒ္ဓဘာသာကလျာဏယု၀ အသင်း (မွန်ပြည်နယ်)ဥက္ကဋ္ဌ က (YMBA) ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)ဥက္ကဋ္ဌ ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး (YMBA) ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (မွန်ပြည်နယ်) သို့ အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းခြင်းအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။    
၎င်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဘွဲ့တံဆိပ်တော်ရ သြဝါဒါ စရိယ ဆရာတော်ကြီးများထံမှ သြဝါဒခံယူခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။