လီဗာပူးအသင်းက ကွမ်ဆက်ကို သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် သဘောတူညီမှု ရရှိပြီးနောက် ကိုနာတေးနှင့်လည်း ဆွေးနွေးနေ
လန်ဒန် အောက်တိုဘာ ၈
လီဗာပူးအသင်းက လူငယ်ခံစစ် ကစားသမား ကွမ်ဆက်ကို သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် သဘောတူညီမှုရရှိပြီးနောက် နောက်ထပ် ခံစစ် ကစားသမား တစ်ဦးဖြစ်သည့် ကိုနာတေးကိုလည်း သက်တမ်းတိုး စာချုပ် ချုပ်ဆိုရန် ဆွေးနွေးမှုများပြုလုပ် လျက်ရှိကြောင်း သိရသည်။
လီဗာပူးအသင်းသည် လူငယ်ကစားသမား ကွမ်ဆက်ကို သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ပြီး စာချုပ်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို မကြာမီထုတ်ပြန်မည်ဖြစ်သည်။
အလားတူ လီဗာပူးအသင်းသည် အသင်းမှ အဓိက ခံစစ်ကစားသမား တစ်ဦးဖြစ်သည့် ကိုနာတေးကို လည်း သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ဆွေးနွေးမှုများ လုပ်ဆောင်နေပြီး မကြာမီသဘောတူညီမှု ရရှိရန် နီးစပ်လျက်ရှိသည်။
အသက် ၂၅ နှစ်အရွယ် ကိုနာတေးသည် ၂၀၂၁ ခုနှစ်ကတည်းက လိုက်ပဇစ်အသင်းမှ လီဗာပူးအသင်း သို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး အသင်းနှင့်အတူ ဘောလုံးရာသီတိုင်းတွင် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ကာ အဓိက ကစားသမား အဖြစ် ပါဝင်ခွင့်ရရှိနေသူဖြစ်သည်။
လက်ရှိ လီဗာပူးအသင်းနှင့် ကိုနာတေးတို့ စာချုပ်သက်တမ်းမှာ တစ်နှစ်သာ ကျန်ရှိနေပြီး လီဗာပူးအသင်းက လက်မလွှတ်လို၍ နောက်ထပ်သက်တမ်းတိုး စာချုပ်အတွက် ဆွေးနွေးလျက်ရှိကြောင်း သိရသည်။