လူငယ်ကစားသမား ဖလိုရီယန်ဝက်ဇ်ကို ရောင်းချမည်မဟုတ်ကြောင်း လေဗာကူဆင်အသင်း အမှုဆောင်အရာရှိချုပ် ကာရိုအတည်ပြု
လေဗာကူဆင်အသင်းအမှုဆောင်အရာရှိချုပ် ကာရိုက အသင်းမှ လူငယ်ကစားသမား ဖလိုရီယန်ဝက်ဇ်ကို မည်သည့်ပြောင်းရွှေ့ကြေးဖြင့် ကမ်းလှမ်းလာပါစေ ရောင်းချမည်မဟုတ်ကြောင်း အတည်ပြုပြောကြားခဲ့ သည်။
အသက် ၂၀ အရွယ် လူငယ်ကွင်းလယ်ကစားသမား ဖလိုရီယန်ဝက်ဇ်သည် လေဗာကူဆင်အသင်း အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်က အသင်းနှင့် ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုကာ စတင်ပါဝင်ကစားခဲ့သူဖြစ်ကာ ပြီးခဲ့သည့် ဘောလုံးရာသီမှစ၍ ထိပ်တန်းအဆင့်ရှိခြေစွမ်းပြနိုင် ခဲ့သူဖြစ်သည်။
ဖလိုရီယန်ဝက်ဇ်သည် ယခုဘောလုံးရာသီတွင် လည်း လေဗာကူဆင်အသင်းနှင့်အတူ ရှုံးပွဲမရှိစံချိန် ရရှိထားပြီး ဂျာမန်ဘွန်ဒက်စ်လီဂါဖလားကို ဆွတ်ခူးနိုင်ခဲ့ရာတွင် အဓိကကစားသမားအဖြစ်ပါဝင်ပြီးနောက် ဘိုင်ယန်မြူးနစ် အသင်းအပါအဝင် ဥရောပထိပ်တန်း အသင်းကြီးများက အပြိုင်ကမ်းလှမ်းရန် ပြင်ဆင်လျက်ရှိသည်။
အစောပိုင်းက လေဗာကူဆင်အသင်းအမှုဆောင် အရာရှိချုပ်ကာရိုက ဖလိုရီယန်ဝက်ဇ်ကို ခေါ်ယူလို သည့်အသင်းများ အနေဖြင့် အနည်းဆုံးပြောင်းရွှေ့ ကြေး ယူရို သန်း ၁၅၀ ဖြင့် ကမ်းလှမ်းရမည်ဟုပြောကြား ခဲ့သော်လည်း ဒေါ့မွန်အသင်းနှင့်ပွဲအပြီးတွင် လုံး၀ရောင်းချမည်မဟုတ်ဟု အတည်ပြု ပြောကြားခဲ့ကြောင်း သိရသည်။
Ref;Bild