မင်းတပ်မြို့တွင် လူမနေသည့်အိမ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့၍ လူနေအိမ်၈၀နီးပါးပျက်စီးကြောင်း သတင်းတု၊သတင်းမှားများ ဝါဒဖြန့်လုပ်ကြံလျက်ရှိ
နေပြည်တော် အောက်တိုဘာ ၁၁
ချင်းပြည်နယ်မင်းတပ်မြို့တွင် လူမနေသည့်အိမ်များကို တပ်မတော်က မီးရှို့ဖျက်ဆီးနေခြင်းကြောင့် အိမ်ခြေ၈၀နီးပါးပျက်စီးခဲ့ကြောင်း သတင်းတု၊ သတင်းမှားများကို တရားမဝင်မီဒီယာများက လုပ်ကြံရေးသား ဝါဒဖြန့်ဝေလျက် ရှိသည်။
အဆိုပါဖြစ်စဉ်နှင့်ပက်သက်၍ မင်းတပ်မြို့ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှလူမနေသည့်အိမ်များကို မီးရှို့၍ ပျက်စီးခဲ့သည်ဆိုသည့်သတင်းမှာ သတင်းတု၊သတင်းမှားများသာဖြစ်ကြောင်း၊ တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် မင်းတပ်မြို့တွင် နေထိုင်နေကြသည့် ပြည်သူ၊ပြည်သားများ ကြောက်ရွံ့ထိတ်လန့်စေရန်နှင့် ဒေသခံပြည်သူများ ပြန်လည်ဝင်ရောက်နေထိုင်မည်ကို မလိုလားသဖြင့် တမင်သက်သက် လှုံ့ဆော် ဝါဒဖြန့်ဝေခြင်းသာဖြစ်ကြောင်း သိရသည်။