FIFA နိုင်ငံတကာ ချစ်ကြည်ရေးခြေစမ်းပွဲ ဒုတိယပွဲကျင်းပ

 

FIFA    နိုင်ငံတကာ ချစ်ကြည်ရေးခြေစမ်းပွဲ  ဒုတိယပွဲကျင်းပ

 

ရန်ကုန် အောက်တိုဘာ  ၁၃

    အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည်  FIFA  နိုင်ငံတကာချစ်ကြည်ရေး ခြေစမ်းပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့်  မြန်မာအမျိုးသား လက်ရွေးစင်ဘောလုံး အသင်းနှင့် တွေ့ဆုံအားပေးစကား ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊    မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး  H.E. Ms Pra-bashini   Ponnamperuma ၊  ရန်ကုန်တိုင်း ဒေသကြီး    အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန  ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော် နှင့်   ဖိတ်ကြားထားသော  ဧည့်သည်တော်များသည် FIFA နိုင်ငံတကာချစ်ကြည်ရေး ခြေစမ်းပွဲ ဒုတိယပွဲသို့ တက်ရောက် ကြည့်ရှု အားပေးကြသည်။

မြန်မာအမျိုးသားလက်ရွေးစင် ဘောလုံးအသင်းနှင့် သီရိလင်္ကာ လက်ရွေးစင် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြိုင်ပွဲအပြီးတွင်  ဂိုးမရှိသရေ ရလဒ်ဖြစ်ကြောင်း သိရသည်။          

Dates: 
Monday, October 14, 2024 - 06:16