မန်ယူအသင်း အဝတ်လဲခန်းအတွင်း လျှို့ဝှက်အသံဖမ်းစက် တပ်ဆင်ခဲ့သည့် စွဲချက်ဖြင့် အက်စ်တွန်ဗီလာ အသင်း စစ်ဆေးခံနေရ
လန်ဒန် အောက်တိုဘာ ၁၃
အက်စ်တွန်ဗီလာအသင်းသည် မန်ယူအသင်းနှင့် ကစားသည့်ပွဲစဉ်တွင် မန်ယူအသင်း အသုံးပြုသည့် အဝတ်လဲခန်းအတွင်း လျှို့ဝှက်အသံဖမ်းစက် တပ်ဆင်ခဲ့သည့် စွဲချက်ဖြင့် စုံစမ်းစစ်ဆေးခံနေရ ကြောင်း သိရသည်။
အောက်တိုဘာလ ၆ ရက်က အက်စ်တွန်ဗီလာ အသင်းအိမ်ကွင်း၌ ကစားသည့် အက်စ်တွန်ဗီလာ အသင်းနှင့် မန်ယူအသင်းတို့ ဂိုးမရှိသရေရလဒ် ထွက်ပေါ်ခဲ့သည့် ပွဲစဉ်တွင် အက်စ်တွန်ဗီလာအသင်း သည် မန်ယူအသင်း ကစားသမားများ အသုံးပြုသည့် အဝတ်လဲခန်းအတွင်း လျှို့ဝှက်အသံဖမ်းစက် တပ်ဆင်ထားခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက် စုံစမ်းစစ်ဆေးခံနေရခြင်းဖြစ်သည်။
အက်စ်တွန်ဗီလာအသင်းသည် မန်ယူအသင်း နည်းပြအဖွဲ့ဝင်များနှင့် ကစားသမားများ၏ အတွင်းရေး ညွှန်ကြားချက်များကို သိရှိနိုင်စေရန် မန်ယူအသင်း ကစားသမားများ အသုံးပြုသည့် အဝတ်လဲခန်းအတွင်း လျှို့ဝှက်အသံဖမ်းစက် တပ်ဆင်ထားခဲ့ခြင်း ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ထွက်ပေါ်ခဲ့သည့် သတင်းများနှင့် ပတ်သက်ပြီး အက်စ်တွန်ဗီလာ အသင်းက မန်ယူအသင်း အသုံးပြုခဲ့သည့် အဝတ်လဲခန်းအတွင်း လျှို့ဝှက်အသံဖမ်းစက် တပ်ဆင်ခဲ့ခြင်း မရှိဟု ငြင်းဆိုထားသော်လည်း လက်ရှိတွင် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။